ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လုံခြုံရေးယူစစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့ မနက်အစောပိုင်းက လိပ်သိုအခြေစိုက် ခမရ ၆၀၃ တပ်ရင်းဆီ ရိက္ခာသွားပို့ရင်း ပြန်လာတဲ့ စစ်ကောင်စီကားတွေကို ထုံးဘိုကြီးရွာအထွက်နဲ့ ထိုးဝါးချောင်းကျေးရွာအဝင်နားမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကား ၁ စီး တိမ်းမှောက်သွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာ ရိက္ခာကားတန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေအပြင် ထိုးဝါးချောင်းရွာအတွင်း တပ်စွဲထားသူတွေနဲ့ပါ အချိန် ၁နာရီခွဲကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မှောက်သွားတဲ့ကားပေါ်က ကောင်တွေက ထိုးဝါးချောင်းရွာထဲမှာရှိတဲ့ သူတို့အဖွဲ့တွေဆီ ပြေးသွားတယ်။ ကျနော်တို့က နောက်ကလိုက်ပစ်ရင်း အဲ့ကကောင်တွေနဲ့ပါ တစ်ခါတည်းတိုက်ပွဲဖြစ်ခဲ့တာပါ” လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း‌ သေဆုံးပြီး ၇ ယောက် အနည်းဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၅.၅၆ ကျည် အတောင့် ၅၀၀၊ လက်ပစ်ဗုံး ၃ လုံး၊ MAကျည်ဘောက် ၄ခုနဲ့ ၁၄ မိုင်း ၄ လုံးတို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုကို KNUတပ်မဟာ (၂) တပ်ရင်း(၅) လက်အောက်ခံ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၂ တပ်ခွဲ(၁) နဲ့ (၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိုးဝါးချောင်းကျေးရွာအတွင်းက နေအိမ် ၁လုံး၊ စျေးဆိုင် ၁ဆိုင်နဲ့ RC ဘုရားကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

“ကျနော်တို့နဲ့တိုက်ပွဲဖြစ်ပြီး သူတို့ပြန်ဆုတ်ပြေးသွားတယ်။  မလွှကုန်းနဲ့ မွန်ကုန်းထဲရှိနေတဲ့ သူတို့အင်အားတွေနဲ့ နေ့လယ်ပိုင်းမှာ ထိုးဝါးချောင်းကို ပြန်ဝင်ပြီး မီးရှို့ခဲ့တာပါ” လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တပ်ရင်း ၃၅၀၂ ၊ တပ်ခွဲ ၂ မှ ထုတ်ပြန်ထားသည့် အကြမ်းဖက်ကား တိမ်းမှောက်နေမှုမြင်ကွင်း (ဓာတ်ပုံ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တပ်ရင်း ၃၅၀၂ ၊ တပ်ခွဲ ၂ )

0 Shares:
You May Also Like
Read More

ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MDY-PDF ထိန်းချုပ်ထားတဲ့ မတ္တရာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ယောက်သေ၊ စစ်သုံ့ပန်း ၁ယောက်နဲ့ လက်နက်ခဲယမ်းတွေ ရရှိ

မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာဒေသထဲက မြို့ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ စစ်သုံ့ပန်း  ၁ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။