ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်း ဒေသအနီး စစ်ကောင်စီ​ရဲ့ လက်ကျန်တပ်ရင်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွါးလျက်ရှိတယ်လို့ TNLA က အသိပေး ထုတ်ပြန်ပါတယ်။
စစ်ကောင်စီခံစစ်ပြင်ပြီး တပ်စွဲထားတဲ့ လက်ကျန်တပ်ရင်းနှစ်ခုဖြစ်တဲ့ မစတ ၃၅၂ နဲ့ အမတ ၉၀၂ တို့မှာအပြင်းအထန်တိုက်ပွဲတွေဖြစ်ပွါးနေသလို TNLA ကထိန်းချုပ်ထားတဲ့အမြောက်တပ်ရင်းတချို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်းပြုလုပ်နေတယ်လို့ ဖော်ပြပါတယ်။
မနေ့က စက်တင်ဘာ ၂၂ရက် နံနက် ၉နာရီခွဲကျော်တွင် စစ်ကောင်စီတ(၂၀၆)တပ်၌လည်းကောင်း၊ ညနေ ၄နာရီခွဲကျော်တွင် တောင်းခမ်းရွာရှိ စစ်ကောင်စီ​၏ အမြောက်တပ်ရင်း (၉၀၂) တပ်ခန်းနေရာတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွါးလျက်ရှိတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံး (၂)လုံး၊ မကျီးရေရွာရှိ အမတ (၃၅၄)တပ်စခန်းနဲ့တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် Y-12 ဖြင့် (၇)ကြိမ် ဗုံး(၆၀)လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့TNLAက ဆိုပါတယ်။
ဒါ့အပြင် တောင်းခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y8 ဖြင့် (၈)ကြိမ် လက်နက်ခဲယမ်းများ (၄၅)ထုပ်လာရောက်ချခဲ့တယ်လို့ သိရပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ ဗဟို အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့အဖွဲ့က သြဂုတ်လ (၁၅)ရက်ကနေ (၁၈) ရက်အထိ (၄)ရက်ကြာ ခရီးစဉ် သွားရောက် ကွင်းဆင်းလေ့လာခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ခရီးစဉ်မှာ သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းနဲ့ အစိုးရဆိုင်ရာဌာနရုံးတွေ၊ အုပ်ချုပ်ရေးရုံးတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေ သွားရောက်လေ့လာခဲ့သလို မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့မှာ လူထုတွေ့ဆုံမှုပါ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြို့ခံပြည်သူလူထုကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ (၁၇) ရက် မိုးကုတ်မြို့မှာ ရပ်ကွက်ကျေးရွာ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ရာ ဗိုလ်ချုပ် တားဘုန်းကျော်က မြို့သိမ်းတိုက်ပွဲဆင်နွှဲရတဲ့အကြောင်း၊ PSLF/TNLA ရဲ့တော်လှန်ရေးလုပ်ငန်း ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းရဲ့ မူပေါ်လစီတွေကို ရှင်းလင်းတင်ပြပြီးနောက် မိုးမိတ်မြို့နယ်အတွင်း ပြန်လည်တည်ငြိမ်ရေးနဲ့ ဒေသတွင်း အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ အပြန်အလှန်ဆွေးနွေးခြင်း၊ ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း၊ ပြည်သူလူထုရဲ့ အခြေခံဝန်ဆောင်မှုဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတို့ အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်လိုပြီး လိုအပ်နေတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်မှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်ကားရာ စျေးတစ်ခုမှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ ပြည်သူလူထုကို လှုံ့ဆော်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဗဟန်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ခါးကို ကျည်ထိမှန်ကာ အောက်ပိုင်းသေသွားသည့် ၁၉ နှစ်အရွယ် ရဲဘော် ၂ နှစ်အကြာတွင် ကွယ်လွန်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်ပက်ထရစ်ဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။