စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙) က မဟာမိတ်တပ်ဖွဲ့အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ဦးဆောင်မှုအောက်မှာ BLDF၊ ABSDF အပါအဝင် မဟာမိတ်အင်အားစုနဲ့အတူ ပူးပေါင်း ပေးဆပ်စွန့်လွှတ်မှုတွေနဲ့ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးက ရဲဘော်နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့တွင်း သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က ထုတ်ပြန်ထားပါတယ်။
Read More

တူမီး၊ လက်လုပ်သေနတ်များဖြင့် စစ်အုပ်စုကို တော်လှန်ခဲ့သည့် KNDF တပ်ရင်းအမှတ် ၁၂ တည်ထောင်မှု (၄) နှစ် ပြည့်ပြီ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၁၂ ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အောက်တိုဘာလ ၁ ရက် မနေ့က ၄ နှစ်ပြည့်မြောက်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော-ကျောက်ထု-မင်းတပ်လမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝန်းသိုတွင် အလင်းဝင်လာသူ ၁ ဦးအပါအဝင် ခမရ ၁၂၀ က စစ်​ကော်မရှင်တပ်သား ၇ဦးအား ပကဖ ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ထဲမှာ ၁၀ရက်အတွင်း စစ်ကော်မရှင်တပ် တပ်စိတ်မှူး အပါအဝင် ခမရ -၁၂၀ တပ်ရင်းက ထွက်ပြေးခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား ၇ယောက်ကို ထိန်းသိမ်းထားတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ​ ၂၉ရက်နေ့ကစလို့ ၁၀ရက်အတွင်း ဝန်းသိုမြို့နယ် ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ရှိပြီဖြစ်ပြီး လက်ရှိမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။