ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (မီးနဂါးတပ်ဖွဲ့) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၈ ရက် ညနေပိုင်းက ညောင်လေးပင်မြို့နယ် ညောင်ပင်ပေါက်ရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ထောင်လောင်ကျေးရွာဘက် တိုးကပ်ဝင်ရောက်လာတာကြောင့် မီးနဂါးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲအတွင်း မီးနဂါးတပ်ဖွဲ့က ရဲဘော်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ယောက် နေရာမှာပဲ သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်ဟာ ရေကြည်ချောင်းဂိတ်စခန်းနဲ့ ညောင်ပင်ပေါက်စခန်းတို့ကနေ လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူတွေ ရှိရာနေရာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေ နေထိုင်ရာနေရာတွေ အနီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မီးနဂါးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံ တစ်သောင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ ရဟန်း ၁၅၉ ပါးနှင့် သီလရှင် ၅၅ ပါး ပျံလွန်တော်မူခဲ့သည်ဟု ဆို

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေးအဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် စစ်ကောင်စီက ကျားဖြန့် လုပ်ငန်းတွေက ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ကယ်တင်လွှဲပြောင်းပေးထားတယ်လို့ ဆို

ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခြင်းခံရတဲ့  ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်မှုထမ်းဖို့ အကြောင်းမဲ့ ပျက်ကွက်နေသူတွေရှိလို့ ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

နိုင်ငံတစ်၀န်းမှာ စစ်မှုထမ်းဖို့ စာရင်းပေးပြီးမှ ပျက်ကွက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်ဆန်းက ပြောကြားလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။