စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံ ခန္တီးမြို့အခြေစိုက် ခလရ ၅၂ တပ်ရင်းရဲ့ ပြည်သူ့စစ် ၁ ယောက် ဆက်သွယ် အလင်းဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ မကွေးက အသက် ၂၃ နှစ်အရွယ် ဖြစ်ပြီး နေထိုင်ရာကျေးရွာအတွင်း စစ်မှုထမ်းဥပဒေအတွက် မဲပေါက်ရာကနေ ပြည်သူ့စစ် ဖြစ်ခဲ့သူဖြစ်ကြောင်း၊ ခလရ ၅၂ တပ်ရင်းအတွင်း တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရပြီးတဲ့နောက်မှာတော့ လှုပ်ရှားစစ်ကြောင်းထွက်ချိန် အခုလို ထွက်ပြေးခိုလှုံလာနိုင်ခဲ့တာဖြစ်ကြောင်း ကိုထက်အောင်ရှိန်က ပြောပါတယ်။

“သူအခုလို ပြေးလာနိုင်တယ်ဆိုတာကလည်း လှုပ်ရှားတပ်ရင်းထဲ ရောက်နေလို့ပါ။ လှုပ်ရှားတပ်ရင်းဆိုတာ ရှေ့တန်းစခန်းတွေအတွက် နယ်မြေရှင်းလင်းရေး လုပ်ပေးတဲ့ တပ်စုပေါ့နော်။ လူအယောက် ၂၀ ကျော်နဲ့ ၃၀ လောက်တော့ ပါတယ်။ အဲ့ထဲကနေ ပြေးလာတာပါ။ လက်နက်ပါမလာပါဘူး။ သူက သူ့မိသားစုကို အလုပ်လုပ်ပြီး ပံ့ပိုးချင်တယ် ပြောပါတယ်” လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။

လ​က်ရှိမှာ အလင်းဝင်ရောက်လာသူကို လွတ်​မြောက်နယ်မြေတစ်နေရာဆီ ပို့ဆောင်ပေးခဲ့ပြီး အလုပ်အကိုင် စီစဥ်ပေးထားတယ်လို့လည်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို

တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တပ်မှူး (၂) ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ရရှိရေးအတွက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး (၂) ယောက်ကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF CDM Siyin က စိုးမိုးနယ်မြေအတွင်းက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီး (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လှည်းကူးမြို့နယ် ကြံ့ခိုင်ရေးရုံးကို ပြောက်ကျား ၂ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူပေးတဲ့ ပျူစောထီးတွေ ထိခိုက်သွားကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၆ရက် မနေ့ညပိုင်းက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ မြို့နယ်ရုံးကို ပြင်အားမြင့် မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ  ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက  ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားလို့ ကိုယ့်ရွာကို ပြန်ရောက်ချိန် နေအိမ် ၁၈ လုံး ပြာကျနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ အိုမကျေးရွာကို တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားခဲ့ပါတယ်။