ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပြိုင်းစေ့ကေရွာစစ်စခန်းကို အာရက္ခတပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းဖြစ်တဲ့ ပြိုင်းစေ့ကေကျေးရွာရှိ စစ်တပ်စခန်းကို အာရက္ခတပ်တော် (AA)က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အမှတ် ၃၂ ရဲတပ်ရင်းကိုလည်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ဖမ်းဆီးရမိသူလည်း များစွာရှိတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ နှမ်းဖဲတောင်တပ်စခန်း၊ မင်းတပ်တောင်တပ်စခန်းနဲ့ လိပ်ခမော် တပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မုံရွာမြို့ ရတနာပစ္စည်းအရောင်းဆိုင် လက်နက်ကိုင် ခြိမ်းခြောက်ဓားပြတိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ် ၁ ရှိ ရတနာပစ္စည်းအရောင်းဆိုင်အား စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း လက်နက်ကိုင်လူတစ်စုက အနုကြမ်းစီးခြိမ်းခြောက်ဓားပြ တိုက်သွားခဲ့တယ်လို့ ‌သိရပါတယ်။
Read More

ကန့်ဘလူ ကျီစုရွာတွင် စစ်ရှောင်များရှိတဲ့ စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတွင် ပြည်သူများကို လေကြောင်းနှင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောပွဲပြုလုပ် (ရုပ်/သံ)

မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေသတခုချင်းလွတ်မြောက်ရေးမှသည် ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးသို့ ဆက်လက်ချီတက်ကြပါစို့ (ရုပ်/သံ)

ဒီနေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းရုပ်သံတစ်ခုကို လူမှုကွန်ရက်ကနေမျှဝေခဲ့ပါတယ်။
Read More

မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ

မကွေးတိုင်း မြိုင်မြို့နယ် စီမံကိန်းရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTAမှ သတင်းထုတ်ပြန်ထားပါတယ်။