ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ အင်းစိန်ဘူတာအပါအဝင် မီးရထားစက်ခေါင်းစက်ရုံနဲ့ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) နားက မီးရထား ပင်စင်စားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်ဆိုသူတွေက အတင်းအကျပ် ဖယ်ရှားခိုင်းထားကြောင်း နေထိုင်သူ ၁ ယောက်က မောင်းကို ပြောပါတယ်။

အင်းစိန်မြို့နယ်အတွင်းက မီးရထားပင်စင်စား ဝန်ထမ်းဟောင်းတွေနေထိုင်ရာ အထက်ပါနေရာတွေက နေအိမ်တွေကို ဇွန်လ ၂၀ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့အတွက် အာဏာပိုင်ဆိုသူတွေက အတင်းအကျပ် တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

အာဏာပိုင်တွေက သူတို့ရဲ့ပြောကြားချက်အပေါ် နေထိုင်သူတွေမလိုက်နာရင် စစ်တပ်နဲ့ ရဲခေါ်ယူပြီး အင်အားသုံးဖယ်ရှားသွားမှာဖြစ်​ကြောင်းနဲ့ ဒီလိုမျိုးအင်အားသုံးဖြေရှင်းရမယ်ဆိုရင် ဘာပစ္စည်းမှ ယူဆောင်ခွင့်ပေးသွားမှာ မဟုတ်ကြောင်း၊ ဖျက်ရုံဖျက်ပြီး ပစ္စည်းပုံထားတဲ့ အိမ်တွေကိုပါ ထပ်မံအရေးယူဖမ်းဆီးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“စက်ရုံပိုင်ရှင် MAE က စစ်တပ်ကိုခေါ်ပြီး အတင်းမောင်းထုတ်နေတာပါ။ အခုက မဖျက်ရင် အရေးယူမယ်ဆိုလို့ ကိုယ့်အိမ်ကို ကိုယ့်ဘာသာ ဖျက်နေကြရတယ်။ ကုန်သလောက်တော့ရှိနေပါပြီ။ အခုက ချက်ချင်းပြောင်းဖို့မလွယ်တော့ အိမ်ငှားရှာဖို့ အချိန် တစ်လလောက် အချိန်ပေးပါဆိုပြီး တောင်းဆိုထားတာကိုလည်း သူတို့က ဘာအကြောင်းပြချက်မှ မရဘူးပြောပါတယ်” လို့​ နေထိုင်သူ ၁ ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီ ဖယ်ရှားခိုင်းနေတဲ့ နေရာတွေထဲ အင်းစိ န်ပန်းခြံ ဘူတာရုံနားတစ်ဝိုက် အပါအဝင် အနောက်ကြို့ကုန်းမြို့ပတ် ဒီဇယ်စက်ရုံနဲ့ ပိန္နဲကုန်းရပ်ကွက် စက်ခေါင်းစက်ရုံနားက နေအိမ် ၂၀၀ နီးပါး ပါဝင်ကြောင်းသိရပါတယ်။

” စက်ခေါင်းစက်ရုံက ရထားသံလမ်းအနောက်ဘက်ခြမ်း မြို့ပတ်ဒီဇယ်စက်ရုံနဲ့ အင်းစိန်ဘူတာက ရထားသံလမ်း အရှေ့ဘက်ခြမ်းပါ။ ၃ နေရာလုံးက နီးနီးလေးပါ” လို့ နေထိုင်သူ ၁ယောက်က ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာရပြီးချိန်ကစလို့ စစ်ကောင်စီက နိုင်ငံတစ်ဝန်း အရပ်သားတွေနေထိုင်ရာ အိုးအိမ်တွေကို မကြာခဏဆိုသလို ကျူးကျော်ဝင်​ရောက် နေထိုင်သူတွေအဖြစ် တံဆိပ်ကပ် ဖယ်ရှားနေတာလည်း ဖြစ်ပါတယ်။

မီးရထားပင်စင်စား ဝန်ထမ်းဟောင်းများ၏ နေအိမ်များ ဖျက်ထားရသည်ကို တွေ့ရစဥ် (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ချေမှုန်း၊ စစ်တပ်က ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ…

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေသည့် ရဲဘော် နန်းခန့်ဝင်း (ခ) Silent ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် နန်းခန့်ဝင်း (ခ) Silent  ဟာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်စခန်းတွေ လနဲ့ချီ ဖြတ်တောက်ပိတ်ဆို့ခံထားရလို့ ရိက္ခာပြတ်တဲ့ အခြေအနေနဲ့ ကြုံနေရ

တော်လှန်ရေးအားကောင်းတဲ့ နယ်မြေအများစုမှာ စစ်ကောင်စီတပ်တွေဆီ ရိက္ခာလာရာ လမ်းကြောင်းတွေ ဖြတ်တောက်တဲ့ နည်းလမ်းကို အသုံးပြုကာ အင်အားနည်းသွားတဲ့အချိန်မှာ ဝင်ရောက်တိုက်ခိုက်တဲ့ ဗျူဟာကို အသုံးပြုမှု အားကောင်းလာတယ်လို့ CDM ပြုလုပ်ထားတဲ့စစ်တပ်အရာရှိတွေကပြောပါတယ်။
Read More

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ရွာငံ NLD လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးတွင် အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကြောရေးပို့ဆောင် ဖမ်းဆီးထားပြီး သိပ်မ​ကြာခင်မှာပဲအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူတွေက မောင်းကို အတည်ပြုပါတယ်။
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။