မန္တလေးတိုင်း မြင်းခြံမြို့မှာ သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင် မင်းသိုက်ကို MBT အထူးကွန်မန် ဒိုရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့ရာ ရုရှားပြန် ၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေဆုံးခဲ့တယ် လို့ Myingyan Black Tiger တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့မှာ သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင် မင်းသိုက်ကို ရှင်းလင်းရန် MBT ကွန်မန်ဒိုရဲ ဘော်တွေက စစ်တပ်စခန်းများအကြား ၇ ရက်ကြာ စောင့်ဆိုင်းပြီး ဇွန်လ ၁၇ ရက်ညပိုင်းက အနိမ့် ကျေးရွာနဲ့ ခေါင်းကွဲကျေးရွာအကြား ပျူခေါင်းဆောင်မင်းသိုက်နဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူခေါင်း‌ဆောင်၊ ရုရှားပြန် ၃ ပွင့်ဗိုလ်ကြီး ပြည့်ဖြိုးကျော်နဲ့ တပ်သား ပိုင်စိုးတို့ သေဆုံးပြီး တပ်ကြပ်ကြီး ၁ ‌ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မြင်းခြံမြို့ပေါ်မှာ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ပျုစောထီး ၂ ဦးထဲက မင်းသိုက်ကတော့ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် ကျန်ရှိနေသေးတဲ့ ပျူခေါင်းဆောင် သီတာယုမွန်ဟာလည်း သက်တမ်းဘယ်လောက်မှ မကျန်တော့ကြောင်းကိုလည်း Myingyan Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။

Video-မင်းသိုက်အား သုတ်သင်ရှင်းလင်းပြီး တပ်တော်ပြန်ဝင်လာသည့် MBT အထူးကိုမာန်ဒို ရဲဘော် ၇ ဦးအား တွေ့ရစဥ်

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ်ရဟတ်ယာဉ် ၃ စီးကို KIA ပစ်ချ၊ ၁ စီးပျက်ကျပြီး ၁ စီး အရေးပေါ် ဆင်းသက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ် ၃ စီးကို ဒီနေ့ မေလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီး ၁ စီး အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဆားလင်းမြို့မှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ် ရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့ရဲစခန်းနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့ ရဲစခန်းနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို နိုဝင်ဘာ ၂၄ ရက်က ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၄ လုံးနဲ့ ၈၁ မမ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့ထံက သိရပါ တယ်။
Read More

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေ အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ်ရှားမှု မှတ်တမ်းရုပ်သံ

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေရဲ့ ၂၀၂၂ခုနှစ်မှ၂၀၂၄ ခုနှစ်အတွင်း လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝစေဖို့ စစ်ရေး၊ နိုင်ငံရေး အသိပညာတိုးပွားကျယ်ပြန့်စေရန် ရည်ရွယ်ပြီး အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ် ရှားမှု မှတ်တမ်းရုပ်သံကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၅) ပစ/တပ်သား- ရဲလင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ ကျွန်တော်မိဘတွေနဲ့လည်း ပြန်တွေ့ချင်တယ်။ တပ်ထဲမှာ လည်း အနိုင်ကျင့်တာတွေ့ရှိတယ်။ အရာရှိတွေက မိဘတွေနဲ့ ဖုန်းပြောရင်လည်း သိမ်းခံရတယ်။ သူတို့ခိုင်းတာလုပ်၊ သူတို့ကျွေးတာစား အဲလိုပုံစံမျိုးပေါ့။ ကျွန်‌တော်သူငယ်ချင်းတွေကိုလည်း အလင်းဝင်စေချင်တယ်။ ဒီဘက်အဖွဲ့အစည်းနဲ့တွေ့ရင် သတ်ဖြတ်မယ်ထင်တာ။ သူတို့က လန့်နေကြမှာပေါ့။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒီမှာ အေးဆေးပါပဲ''