ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နဲ့ ချင်းညီနောင်အဖွဲ့ (CB) တို့ကြားမှာ လူမျိုးရေးမှိုင်းတိုက်နေမှုတွေကို တွေ့မြင်နေရတယ်လို့ ချင်းညီနောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က မနေ့က ဇွန်လ ၁၈ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပလက်ဝ ဖြစ်စဥ်တွေမှာလည်း လူမျိုးရေး မှိုင်းတိုက်နေတဲ့ သဘောတွေကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

“ပလက်ဝမှာ ဖြစ်ခဲ့တဲ့ မုဒိန်းကျင့် ဖြစ်စဥ်တွေကို ULA/AA ကနေ ဝန်ခံထားတယ်။ AA ရဲဘော်တွေ ကျူးလွန်သွားတာပေါ့နော်။ ဝန်ခံပြီးမှ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်နေတယ်ပေါ့။ ဒါပေမယ့် လူမျိုးရေး မှိုင်းတိုက်တဲ့သဘောကို ဒီမှာ ပြန်တွေ့ရပါတယ်။ ကျနော်တို့ကလည်း ညီနောင်အနေနဲ့ ဒီကိစ္စအပေါ် စုံစမ်းတဲ့အခါမှာ တကယ့်မြေပြင်က အရှိတရားက ULA/AA အနေနဲ့ ဒီကိစ္စကို အမြင့်ဆုံးသော ပြစ်ဒဏ်နဲ့ အရေးယူထားတယ်.. ကျူးလွန်သူတွေကို” လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။

ဒါ့အပြင် AA အနေနဲ့ ကာယကံရှင် မိသားစုအပါအဝင် ရပ်မိရပ်ဖတွေကို ကျူးလွန်သူအပေါ် ဘယ်လို အမြင့်ဆုံး ပြစ်ဒဏ်တွေနဲ့ အရေးယူထားကြောင်း၊ နစ်နာသူမိသားစုကိုလည်း ငွေကြေးထောက်ပံ့ဖို့ ကမ်းလှမ်းကြောင်း၊ အဲ့လိုကမ်းလှမ်းတာကလည်း AA ရဲဘော်အနေနဲ့ လူထုကို မလုပ်သင့်တဲ့အမှားကို ကျူးလွန်လိုက်ပြီး ဒါဟာ အဖွဲ့အစည်းကို ကိုယ်စားမပြုဘူးဆိုတာ ပြသချင်တာဖြစ်ကြောင်း သူက ပြောပါတယ်။

အခုလို AA ဘက်က တောင်းပန်မှုကို ကာယကံရှင် မိသားစုတွေက လက်ခံခဲ့ပေမယ့် ချင်းမီဒီယာတချို့က တရားစီရင် ဆောင်ရွက်ထားမှုအပိုင်းတွေကို ချန်လှပ်ကာ တရားစီရင်မှုမရှိသလို၊ ကြေအေးဖို့ ကမ်းလှမ်းချက်တွေကို ငွေနဲ့ ဖုံးဖိသလိုမျိုး ပုံဖော်ရေးသားမှုတွေကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

“တကယ်ဖြစ်ပျက်သွားတာက စုံစမ်းအရေးယူမှု လုပ်တယ်။ ပြီးတော့မှ ထိုက်သင့်တဲ့ အရေးယူမှုတွေ ရှိပါတယ်။ တစ်ဖက်မှာက ကောလာဟလတွေ ရှိနေတာ၊ ယုံမှားသံသယတွေ ဖြစ်နေတာ၊ ပြီးတော့မှ Victimize လုပ်တဲ့အပိုင်းတွေ အဲ့လိုပေါ့နော်။ အဲ့လို ကောလာဟလတွေကနေ စပြီး လူမျိုးရေး မုန်းတီးတာတွေ မဖြစ်အောင်၊ မသိမသာ ဇောင်းပေးတဲ့ သဘောတွေ မဖြစ်အောင် တော်လှန်ရေး မီဒီယာတွေရော၊ ပြည်တွင်းက မီဒီယာတွေရော အကုန်လုံးပေါ့နော် သေချာစုံစမ်းဖို့ လိုတယ်” လို့ ချင်းညီနောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိသည့် ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့ ကွင်းဆင်း ဆေးကုသပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ထိန်းချုပ်နယ်မြေရှိ ဆေးဝါးပစ္စည်းဝယ်ယူဖို့ အခက်အခဲရှိတဲ့ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့က တိုက်ရိုက်ကွင်းဆင်းပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်‌ပေးခဲ့တယ်လို့ DPLF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပွင့်ဖြူ-စေတုတ္တရာအစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တွေ တိုက်ပွဲပြင်းထန်နေ၊ နေအိမ်တွေ မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြ​စ်က ပြောပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကောင်စီတပ်ကက အရပ်သား ၅ ဦးကို ဧပြီလအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းနဲ့ တိုးတဲ့ အရပ်သား ၂ ယောက်အပါဝင် ဧပြီလအတွင်း စစ်ကောင်စီတပ်ကက အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်မောက်တွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျားဖြစ်ပြီး ဦးတည်ချက်ပြောင်းသွားခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။