မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ ပြည်သူတွေဆီကနေ အကြမ်းဖက်လုယက်နေတဲ့ ပျူခေါင်းဆောင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၁၇ရက် ညနေ ၆နာရီခွဲလောက်မှာ မြင်းခြံမြို့ရဲ့ မြောက်ဘက်အထွက်က စစ်ကောင်စီ အထိုင်ချထားတဲ့ အနိမ့်ရွာနဲ့ ခေါင်းကွဲရွာကြားမှာ ပျူခေါင်းဆောင် မင်းသိုက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းချိန်မှာ သူ့နောက်ကနေ စစ်ကောင်စီကားတစ်စီး လိုက်ပါလာတဲ့အတွက် မစ်ရှင်ကို ခပ်မြန်မြန် လုပ်ဆောင်ကာ ပြန်ဆုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“သူ့ဆီကနေတော့ ဘာမှ ကျနော်တို့ သိမ်းဆည်းရမိတဲ့ လက်နက်တွေ မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့နောက်ကနေ ကပ်ပါလာတဲ့ စစ်ကားတန်းပေါ့နော်။ စစ်ကားတစ်စီး ပါလာတဲ့အတွက်ကြောင့် ကျနော်တို့ တိုက်ပွဲဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ ပြန်ဆုတ်ခဲ့တာပါဗျ” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

MBT တပ်ဖွဲ့ရဲ့ အထူးကွန်မန်ဒို ၇ယောက် လှုပ်ရှားခဲ့တဲ့ အဆိုပါ စစ်ဆင်ရေးမှာ ပျူစောထီးခေါင်းဆောင် မင်းသိုက် အပြင် ရုရှားပြန် သုံးပွင့်ဗိုလ်ကြီး ပြည့်ဖြိုးကျော်နဲ့ တပ်သား ပိုင်စိုးတို့ သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး မုတ်ဆိတ်ကတော့ ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသနေရတယ်လို့ MBT က ထုတ်ပြန်ထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ပြည်သူအပေါ် အနိုင်ကျင့် နှိပ်စက်နေတဲ့ စစ်ကောင်စီ အရာရှိတွေနဲ့ ပျူခေါင်းဆောင်တွေကို အထူးစာရင်း ထည့်သွင်းကာ ရှင်းလင်းသုတ်သင်သွားမယ်လို့ MBT က ကြေညာထားပါတယ်။

ပုံစာ – MBT တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

မြင်းခြံမြို့ပေါ်မှာ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ပျူစောထီး ၂ယောက်ထဲက နိမ့်ရွာက ပျူခေါင်းဆောင် မင်းသိုက်ကို ပစ်ခတ်ရှင်းလင်းနိုင်ပြီ ဖြစ်တဲ့အတွက် ကျန်နေသေးတဲ့ ပျူခေါင်းဆောင် သီတာယုမွန်လည်း သက်တမ်း ဘယ်လောက်မှ မကျန်တော့ကြောင်း ဗိုလ်မိုက်ခဲက ပြောခဲ့ပါတယ်။

“သူ့ကို သွားရောက်ပစ်ခတ်ဖို့ ကျနော်တို့ စစ်ပြင်ဆင်လိုက်တာ ၁ ပတ်လောက်တော့ ကြာခဲ့ပါတယ်။ သူ့အကြောင်းကတော့ ပြောစရာ မရှိလောက်အောင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ မြင်းခြံမှာ နာမည်ကြီးနေတဲ့ သီတာယုမွန်ထက်တောင် သူက စီနီယာကျတယ်။ လက်နက်ကိုင်တာကလေ.. မြင်းခြံရဲ့ မြောက်ဘက်ပိုင်းမှာဆို သူက ဆရာကြီးပဲ။ စစ်ကောင်စီဘက်က သူက မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ပျူစောထီးခေါင်းဆောင် လုံးဝ ဆရာကြီးပဲ” လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

ထားဝယ်တွင် စစ်ကြောင်းထိုး စစ်အုပ်စုအပါအဝင် စစ်ကူတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ နာရီကြာ ဖြစ်ပွါးခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force - L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်း ၁၄ လောင်း ရရှိပြီး စစ်ကောင်စီ ဗိုလ်ကြီး ၃ယောက် အပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီတပ်တွေရဲ့ ၂ရက်တာ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၇၂ လုံး မီးလောင်ပျက်စီး

ကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေစွန်းတော်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ကာ မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် ၂၇၂ လုံး မီးလောင်ပျက်စီးကုန်တယ်လို့ Yesagyo Township Info Committee က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြား ကျေးရွာများမှ မီးဘေးသင့်စစ်ရှောင်ပြည်သူများကို အရေးပေါ် ဆန်၊ ဆီ၊ စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ ထောက်ပံ့ကူညီပေး

မကွေးတိုင်း၊ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာတွေက မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပပြည်သူတွေရဲ့ ထောက်ပို့ငွေတွေထဲကနေ အရေးပေါ် ဆန်၊ဆီ၊ စားနပ်ရိက္ခာတွေနဲ့ အဝတ်အထည်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။