လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုသဘောထားနဲ့ သွေဖီတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မွေးနေ့ ဆုမွန်စကားပြောကြားရာမှာ NUG အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လူထု သဘောထားနဲ့ သွေဖီသောလုပ်ရပ်များကို မလုပ်ခဲ့သလို၊ ကျွန်တော်တို့အနေနဲ့လည်း လူထုသဘောထားနဲ့ သွေဖီသော မည်သည့်လုပ်ရပ်မျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြည်သူကို ကတိပြုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိသလို ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်မ်ရဲ့ မိခင်ဖြစ်သလို မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ဒူဝါလရှီးလက ပြောကြားထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ “Kim” ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ “Kim” ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ “Kim” ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ “ကင်ရဲ့ မိခင်” ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတက ဆိုပါတယ်။

နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ယာယီသမ္မတက နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် လူထုတော်လှန်ရေးနည်းနဲ့ လူထုနိုင်ငံရေး နည်း ပေါင်းစပ်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားပါတယ်။

“စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖျက်သိမ်းရေးဟာ နွေဦးတော်လှန်ရေးရဲ့ မူလလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် လူထုတော်လှန်ရေးနည်းနဲ့ လူထုနိုင်ငံရေး နည်းပေါင်းစပ်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်ကြဖို့ဟာ နွေဦးတော်လှန်ရေးရဲ့ အခြေခံလမ်းစဉ် ဖြစ်ပါတယ်။ ” လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီမီးခုံမြို့နယ်မှ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
Read More

လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားတဲ့ မူဆယ်-မိုင်းယု (၁၀၅) မိုင် လမ်းကို စစ်ကောင်စီ ငွေကြေးတောင်းခံပြီး ဖြတ်သန်းခွင့်ပြုနေ

မူဆယ် - မိုင်းယု (၁၀၅) မိုင်လမ်းကို စစ်ကောင်စီက ငွေကြေးကောက်ခံပြီး စတင်ဖြတ်သန်းခွင့်ပြုနေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

စစ်ကောင်စီက YBS ကားပေါ်အထိ တက်ပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေ

ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။