အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် “၈၀ချစ်တယ်” ဆိုတဲ့ စာတန်း ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၉ ရက် ဒီနေ့ မွန်းလွဲပိုင်းက ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကမ္ဘာအေးဘုရားနဲ့ ဂမုန်းပွင့်ကုန်တိုက်အနီးရှိ လူကူးကုန်းကျော်တံတားတွေမှာ ပစ်တိုင်းထောင်သပိတ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် “၈၀ ချစ်တယ်”ဆိုတဲ့ စာတန်းကို ချိတ်ဆွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ်တဲ့ ဒီနေ့ ဇွန်လ ၁၉ ရက်မှာ စစ်ကောင်စီက လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး ဘုရားတွေမှာလည်း လူထုခေါင်းဆောင်ရဲ့ မွေးနေ့ဆုတောင်းပွဲများ မဖြစ်ပေါ်စေဖို့ အရပ်ဝတ်နဲ့ ပျူစောထီးတွေကို နေရာချထားတယ်လို့ တော်လှန် ကင်းထောက်အဖွဲ့တွေဆီက သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အချိန်ခါမှာ နိုင်ငံတစ်ဝန်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေက မွေးနေ့ရှင် ကျန်းမာစေဖို့ ဆုတောင်းမေတ္တာပို့သတာတွေ၊ ဓာတ်ပုံကမ်ပိန်းတွေ၊ အမှတ်တရ ကဗျာရွတ်ဆိုတာတွေအပါအဝင် နည်းမျိုးစုံနဲ့ ပါဝင်ဆင်နွှဲနေတာ​ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ယောချောင်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲလို့ ယောချောင်းတံတားနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ယောချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယောချောင်းတံတားအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကောလင်းမှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ ဝက်သဲကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်ကင်းပုန်းများကို ဒရုန်းဖြင့်တိုက်ခိုက်ရာ သေဆုံးမှု ရှိနိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းပုန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ပါတယ်။
Read More

ပလောင်အမျိုးသားတပ်ဦး (PNF) ဝန်ထမ်းဟောင်းများ ဂုဏ်ပြုပွဲ

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တအာင်းပြည်တစ်နေရာမှာ ပလောင်အမျိုးသားတပ်ဦး (PNF) ဝန်ထမ်းဟောင်းတွေရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး မိုးထဲရေထဲကာလ ရောက်နေတာကြောင့် ပူးပေါင်းရုန်းကန်မှု အရေးကြီးကြောင်း စစ်ကိုင်း PDF ပြော

လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတဲ့အချိန်ကာလတစ်ခု ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။