တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက အကြမ်းဖက်စစ်တပ် ယာယီတပ်စခန်းတွေကို သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Launglone Peninsula Force- LPF တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် မနက်ပိုင်းက ရေဖြူမြို့နယ်၊ ပယကျေးရွာ၊ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားတဲ့ အကြမ်းဖက်ယာယီတပ်စခန်း ၃ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ပယရွာ ရွှေမိုးညိုစေတီနားက ဂိတ်နဲ့ အနီးနား ၂ နေရာကို သွားပစ်ခဲ့တာပါ။ တစ်ရွာတည်းမှာ သူတို့က နေရာ ၆ ခုလောက် တပ်စွဲနေတာလို့ ပြောရမယ်။ တစ်နေရာကို အင်အား ၂၀ လောက် ရှိပါတယ်။ ပြောက်ကျားဝင်ပစ်ခဲ့တဲ့ သဘောပါ။  မျက်မြင်တွေပြောပြချက်အရ ၆ ယောက် သေတယ်လို့ သိရတယ်” လို့ Launglone Peninsula Force- LPF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီလိုမျိုး တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီရဲ့ အုန်းပင်ကွင်းရွာအခြေစိုက် မောရဝတီ ရေတပ်စခန်းဌာနချုပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ကူပေးခဲ့ပေမယ့်  အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ Launglone Peninsula Force- LPF က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်တပ်စခန်း ဝင်ရောက်တိုက်ခိုက်မှုကို ဒေါနတပ်ရင်း တပ်ခွဲ (၇) LPFနဲ့ အတူ တပ်ခွဲ (၆) – ဝေဟင်၊  ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဖြူပကဖ) ၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း – T1 ၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) သာဂရစစ်ကြောင်း၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နဲ့  ရွှေဘီလုံး အဖွဲ့တွေ  ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း အထက်ပါဂိတ်စခန်းတွေကို စစ်ကောင်စီက အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်လို့  သိရပါတယ်။

“အဲ့ဒီဘက်ရွာတွေက ပင်လယ်ကမ်းရိုးတန်းရွာတွေပါ။ အခု အင်အားတွေလည်း ထပ်ဖြည့်ထားတယ်။  ကျောက်ထရံရွာနားက ကမ်းမှာလည်း စစ်သင်္ဘော ၃ စင်း ကပ်ထားပါတယ်” လို့ Launglone Peninsula Force- LPF တာဝန်ရှိသူက ပြောပါတယ်။

ဒီလိုမျိုး စစ်ရေးတင်းမာမှုတွေကြောင့် အရပ်သားတွေအနေနဲ့လည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးနီးကပ်ကပ်နေရာတွေဆီ သွားလာနေထိုင်တာမျိုးတွေ မပြုလုပ်ကြဖို့ Launglone Peninsula Force- LPF က  အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့်ဒေသခံ ၁၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရ

မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၁၅၀၀နီးပါး စစ်ဘေးတိမ်း​ရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီလက်နက်ရရှိရေး ဘဏ်တွေ ငွေလွှဲပေးထားတဲ့ အထောက်အထားမတွေ့ဘူး ဟု ထိုင်းငြင်းဆို

ထိုင်းဘဏ်တချို့ဟာ စစ်ကောင်စီလက်နက်ရရှိရေးအတွက် ငွေကြေးလွှဲပြောင်းမှု အကူအညီတွေ ပေးနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေမယ့် အထောက်အထား တစုံတရာ မတွေ့ရှိသေးကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အေဂျင်စီတို့က ဒီဇင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၃၁) ရက် မနေ့က မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ THE GOVERNMENT OF CHINLAND က ထုတ်ပြန်ထားပါတယ်။
Read More

AA အပစ်ရပ်ထားစဉ် ရခိုင်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းက AA တပ်ဖွဲ့ဝင်များရှိရာကို စစ်ကောင်စီ နေ့စဉ်တိုက်ခိုက်နေ၊ အပစ်ရပ်မတိုင်မီ ညောင်ကျိုးဗျူဟာစခန်းကို AA သိမ်းပိုက်နိုင်ခဲ့

အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်အခတ်ရပ်နားထားစဉ် အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။