စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးထွေရုံးကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ
၃ ပွင့် ဗိုလ်အပါ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အထက်ပါ အိမ်စီးကားကို တော်လှန်ရေးတ​ပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အိမ်စီးကားအတွင်း ၃ ပွင့် ဗိုလ်အပါ လူ၅ယောက်လိုက်ပါလာတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုအတွင်း ဗိုလ်ဖြစ်သူနဲ့ တပ်သား၂ ယောက် သေဆုံးကာ ကျန် ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးလွတ်မြောက်သွားကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Brave Heart Army -BHA အဖွဲ့ သိမ်းဆည်းရရှိသည့် လက်နက်များ

“မုံရွာမြို့နယ်ထဲပဲ ဖြစ်တာပါ။ အခင်းဖြစ်တဲ့နေရာနဲ့ တောပု ပျူစောထီးရွာ ၁မိုင်ကွဲအကွာမှာဖြစ်တာပါ။” လို့ Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက MA1 ၊ ပါရီ၊ MA 5 ၊ M9၊ SIG Batter (အရှည်၂လက် အတို ၃ လက်) နဲ့အတူ လက်ကိုင်ဖုန်း ၃ လုံး သိမ်းဆည်းရရှိပြီး ကားကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ရေးဖော်ဆောင်မှုအပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ နောက်ထပ်တိုက်ပွဲတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ခဲယမ်းကျည်ဆံတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လည်လွတ်‌မြောက်လာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌာဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ သာယာဝတီအကျဉ်းထောင်မှာ အဓမ္မထောင်သွင်းအကျဥ်းကျခံထားရာမှ ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ပြည်သူ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၁ ယောက် သေဆုံးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးအခြေစိုက် ကင်းမွန်တောရွာကို လေးဘက်လေးလံမှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော် ပိတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေ စစ်ကောင်စီ ပြန်ဖွင့်

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေကို ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီက ပြန်ဖွင့်ထားကြောင်း ခရီးသွားယာဉ်မောင်းတွေဆီက သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရော့တိုက်ဒုံးများနှင့် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အရာရှိအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိ…

အဲ့ဒီတိုက်ခိုက်မှုအတွင်း တာဝန်ကျ အရာရှိ ၃ ယောက်နဲ့ စစ်သား ၁၂ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရာရှိ ၃ ယောက်ထဲက ၁ ယောက်ဟာ ဘယ်ဘက်နားရွက် ပြတ်ထွက်သွားသလို နောက်တစ်ယောက်ကတော့ ဘယ်ခြေသလုံး အစဖောက်ထွက်ပြီး ကျန်တစ်ယောက်က ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။