နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၁၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး (၄၇) ယောက်နဲ့ အမျိုးသား (၅၃) ယောက် စုစုပေါင်း အရပ်သား အယောက် (၁၀၀) သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၈) ယောက် ပါဝင်ပြီး မကွေးတိုင်းမှာ (၁၆) ယောက် သေဆုံးခဲ့ကာ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းမှာ (၁၃) ဦး သေဆုံးခဲ့ကာ ဒုတိယသေဆုံးမှုအများဆုံး ဒေသဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ဇွန်လ ၁၄ ရက်ကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၂၆၄) ခြေလျင်တပ်ရင်းက အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအုပ်စုရှိ နွားရေးချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ယောက် ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှု စတင်ချိန်ကစလို့ ဇွန်လ ၁၇ ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူစုစုပေါင်း (၆၈၀၇) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ ၏ အပတ်စဥ် (၁၁) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

စလင်းမြို့နယ်ဘက် တင့်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၇ ဦး ဒဏ်ရာရ၊ ၂ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ဘက်ကို တင့်ကား ၄ စီး နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ယာဉ်တန်းကို ဇွန်လ ၁၄ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးသူတွေရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်း ရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် − ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။
Read More

မလှိုင်မှာ ရှေ့တန်းပို့ခံရမှာကြောက်လို့ ထွက်ပြေးတဲ့ ရဲတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ ရှေ့တန်းပို့ခံရမှာစိုးတာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း မလှိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta'ang Women's Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။