အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

အီရန်မြို့တော် တဟီရန်ကို မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်စစ်တပ်ရဲ့ စစ်ပွဲကာလအတွင်း ယာယီစစ်ဦးစီးချုပ်အဖြစ်ခန်အပ်ထားတဲ့ အလီ ရှက်မန်ဒီ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုတာပါ။

အီရန်စစ်ဦးစီးချုပ် ဂိုလာမာလီ ရာရှ်ဒီ ပြီးခဲ့တဲ့သောကြာက အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးတဲ့နောက်၊ အီရန်နိုင်ငံဥသျှောင် အယာတိုလာ အလီခါမေနီက သူ့ရဲ့လူယုံဖြစ်သူ တပ်မှူး အလီ ရှက်မန်ဒီကို လွန်ခဲ့တဲ့ လေးရက်အကြာကမှ စစ်တွင်းကာလ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ကာ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)နဲ့ ပုံမှန် အီရန်စစ်တပ်တို့ကို ညှိကွပ်အဖြစ် တာဝန်ယူစေခဲ့တာဖြစ်ပါတယ်။

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုထားပြီး အစ္စရေးရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အီရန်နိုင်ငံရဲ့ အကြီးဆုံး ယူရေနီယံ သန့်စင်ရေး စက်ရုံ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အကြီးအကဲက ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့ရဲ့ Truth လူမှုကွန်ရက်ပေါ်ကနေ ဇွန်လ ၁၆ ရက်ညပိုင်းမှာ “တီဟီရန်မှာ နေထိုင်သူတိုင်း ချက်ချင်းရွှေ့ပြောင်းဖို့ လိုတယ်” လို့ သတိပေးတိုက်တွန်းထားသလို အစ္စရေးကလည်း တဟီရန်မြို့ အရှေ့ မြောက်ပိုင်း နေရာတွေက ပြည်သူတွေ ရွှေ့ပြောင်းဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

မြန်မာပြည်ကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် အတည်ပြု

မြန်မာပြည်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဘေးဒုက္ခရောက်ရှိခဲ့ရတဲ့ ပြည်သူတွေကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

အာဆီယံက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန် Justice For Myanmar တောင်းဆို…

အာဆီယံအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို ဖန်တီးဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကနေ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) အဖြစ် အမည်ပြောင်းလဲမှုကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ တရားဝင်မှုရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားဖို့ ပရိယာယ်တစ်ရပ်သာဖြစ်ကြောင်းကို အာဆီယံက ရှင်းလင်းစွာ ရှုမြင်သဘောပေါက်ဖို့ JFM က သတိပေးထားပါတယ်။
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။