စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းက ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ တည်ပင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီရဲ့ ၄၂ တပ်ရင်းကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်ဟာ တည်ပင်ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် (၁၆) နှစ်အရွယ် လူငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာကတော့ မစိုးရိမ်ရကြောင်း သိရပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ရေတာရှည်မြို့မှာပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့မှာ စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါဆန္ဒပြပွဲအတွင်း “နိုင်ငံရေးအကျည်းသားများ ပြန်လည်လွတ်မြောက်‌ရေး ဒို့အရေး၊ စစ်အာဏာရှင်လုပ်တဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပါတီမစုံနဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ လူထုမပါတဲ့ ရွေးကောက်ပွဲ အလိုမရှိ'' စတဲ့ ကြွေးကြော်သံတွေနဲ့ ချီဆက်ဆန္ဒပြခဲ့ကြပါတယ်လို့ သိရပါတယ်။
Read More

နတ်အိမ်တောင် စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေ၊ အများအပြားဒဏ်ရာရကာ ပြန်ဆုတ်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ Kanbauk Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

CDF-Mindat ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်များ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ရုပ်/သံ)

ချင်းညီနောင် (CB)/CDF-Mindat ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်တွေရဲ့ စစ် ‌ရေးလေ့ကျင့်မှု ပုံရိပ်တွေကို Chin Defence Force - Mindat က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီဟာ ရှမ်းမြောက်က ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

ပြည်နယ်ပုံရိပ် ကျဆင်းစေတဲ့ KTV ဖွင့်တာ၊ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာတွေ မလုပ်ကြဖို့ ရှေ့တန်းရောက် KNDF ရဲဘော်တွေ တောင်းဆို (ရုပ်/သံ)

ပြည်နယ်ပုံရိပ်ကို ကျဆင်းစေတဲ့ KTV ဖွင့်တာ၊  မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာ တွေ မပြုလုပ်ကြဖို့ ရှေ့တန်းရောက် KNDF B-06 ရဲဘော်တွေက အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။
Read More

ဗန်းမော်တိုက်ပွဲမှာ KIA ထံ အလင်းဝင်လာတဲ့ အောင်မိုးသက်တို့ရဲ့ ထွက်ဆိုချက် (ရုပ်/သံ)

'၁၀ တန်းဖြေနေတုန်းကို ကျူရှင်က ပြန်လာတာ ည ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ရှိပြီ။ ပတ်ကင်း ကားနဲ့ တွေ့တာ။ သူတို့က မူးမူးနဲ့ ဖမ်းတာ။ အုပ်ကြီးကလည်း လူလိုနေတော့ ကျွန်‌တော်ကို မျက်စိ ကျသွားတာထင်တယ်။ ကျွန်တော်စာမေးပွဲဖြေနေတယ်လို့ ‌ပြောလဲမရဘူး။ ရတယ်၊ ဘာမှာမဖြစ်ဘူး ၂ နှစ်ဆိုတာ ခဏပဲ ထည့်လိုက်တာ''