အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းဟာ ချက်ချင်း မြင်သာတဲ့ အကျိုးရလဒ်တွေ ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၂၁/၂၀၂၅) မှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားတာပါ။

”တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းက ချက်ချင်းမြင်သာတဲ့ အကျိုးရလဒ်တွေကို ဖော်ပြနိုင်မှသာ ပြည်သူတွေသာမကဘဲ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ရဲဘော်ရဲဘက် တွေအနေနဲ့လည်း စိတ်အားတက်ကြွလာကြမှာ ဖြစ်တဲ့အတွက် သေချာစီမံဖို့လိုအပ်မှာဖြစ်တယ်” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

ဒါ့အပြင် မြို့နယ်တွေရဲ့ အခွန်ကောက်ဆိုင်ရာကိစ္စ တွေမှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရင် NUG အစိုးရအပေါ် ပြည်သူ့ယုံကြည်မှုလည်း တိုးတက်လာမှာဖြစ်သလို အခြေအနေအရပ်ရပ်ကို ထိန်းကျောင်းကွပ်ကဲနိုင်တဲ့ စွမ်းရည်ကိုလည်း အများသိအောင် ပြသနိုင်မှာဖြစ်တယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အလွဲသုံးစားမှုတွေကို ကိုင်တွယ်ရာမှာလည်း ထိထိရောက်ရောက် ကိုင်တွယ်ရမှာဖြစ်ပေမယ့် စနစ်တကျ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ဖို့လည်း အင်မတန်အရေးကြီးပြိး မှားယွင်းအရေးယူမိတာတွေ၊ ဖမ်းဆီးမိတာတွေမဖြစ်ဖို့ သတိကြီးကြီးနဲ့ အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။

” ကြားကာလ အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းတွေမှာ မြေပြင်နဲ့အချိတ်အဆက်တွေ မပြတ်တောက်ကြဖို့နဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အချိန်မီ ဝိုင်းဝန်းဖြေရှင်းပေးကြဖို့ အထူးအလေးထား တိုက်တွန်းတယ်” လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။

အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ တွဲဖက်အတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ ပြန်လည်စုဆောင်းခံရသည့် တပ်ကြပ်အပါအဝင် စစ်မှုထမ်း ၂ ဦး ရှေ့တန်းတွင် ထွက်ပြေးအလင်းဝင်

သြဂုတ်လဆန်းပိုင်းကစလို့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲထဲကနေ စစ်မှုထမ်း ၂ ယောက် ထွက်ပြေးကာ အလင်းဝင်လာခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF က ထုတ်ပြန်ပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ ဆီကို ABSDF ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး လာရောက်စစ်ဆေး (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ၊ အမှတ် ၃ စစ်ကြောင်းဆီကို ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး က လာရောက်ပြီး စစ်ကြောင်းအတွင်းရှိ ရဲဘော်တွေနဲ့ တွေ့ဆုံခြင်း ၊ ရှေ့တန်းနယ်မြေတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်အပြင် ရဲဘော်တွေကို လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းဆုတ်လာသည့် အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ ၁၅ ဦးသေပြီး အများအပြား ဒဏ်ရာရ…

" ၁၁ရက်နေ့က ကျနော်တို့နဲ့ ထိတွေ့မှု့ဖြစ်ပြီး သူတို့ ပြင်းဒိုင်းမှာ ညအိပ်တယ်။ နောက်နေ့ကျ ပြန်ဆုတ်ပြီး ၁၃ရက်နေ့ကျ တောင်ဇင်းရဲစခန်းကနေပြန်ဝင်လာတယ်။ ၁၄ရက်နေ့ကျ တောင်ဇင်းကိုပြန်ဆုတ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က လမ်းကနေဖြတ်တိုက်ခဲ့တာပါ။" လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းသတင်းဌာနကို ပြောပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
Read More

လားရှိုးမြို့အနီးတဝိုက် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အများအပြားနဲ့ အများပြည်သူဆိုင်ရာ နေရာတွေ၊ လမ်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေခြင်း မရှိဘူးလို့ ဒေါနတပ်ရင်း အသိပေး

ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုံး၀လုပ်ဆောင်နေခြင်း မရှိဘူးလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။