ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ရာထူးတိုးပြောင်းရွှေ့လာတဲ့ ခမရ ၂၁၁ က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ အာရက္ခတပ်တော် (AA) ရဲ့ စနှိုက်ပါလက်ချက်ကြောင့် သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ တပ်ရင်းမှူးကို အပြောင်းအရွှေ့သတင်းပို့ပြီး အပြန်မှာ AA တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တဲ့ စနိုက်ပါကျည်ထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူက မြစ်ကြီးနားမှာ A2 အဆင့်ပေါ့နော်၊ ဒုတိယတန်း ဦးစီးအရာရှိအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့သူ… ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ကမှ သူ့ကို ရာထူးတိုးပြီး အမှတ် ၁၁ ခြေမြန်တပ်ရင်းလက်အောက်ခံ အမှတ် ၂၁၁ ခြေမြန်တပ်ရင်းကို ရောက်လာတာ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

သူဟာ မြစ်ကြီးနားကနေ ရန်ကုန်ကို လေယာဉ်ကြုံနဲ့လာခဲ့တာ ဖြစ်ကြောင်း၊ အဲ့ကနေမှတဆင့် ကျောက်ဖြူမြို့ကို သင်္ဘောကြုံနဲ့ ဇွန်လ ၉ ရက်နေ့မှာ ရောက်ရှိလာတာဖြစ်ကြောင်း ပြောပြပါတယ်။

“ရောက်တဲ့အချိန်မှာပဲ ချက်ချင်း ရောက်ပြီဖြစ်ကြောင်း သတင်းသွားပို့တယ်… သတင်းပို့ပြီးတော့ အပြန် ဒုတပ်ရင်းမှူး ထိုင်ရမယ့် စခန်းကို အပြန်မှာပဲ AA တပ်ဖွဲ့ရဲ့ စနိုက်ဘာကြောင့် သေဆုံးသွားတယ်လို့ အကြမ်းဖျဉ်းသိထားရပါတယ်။ ကျန်တာကတော့ ဆက်ပြီး စုံစမ်းနေဆဲပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၄၈ ဆင်းဖြစ်ပြီး သူ့ရဲ့ အမျိုးသမီးဟာလည်း မြစ်ကြီးနားလေဆိပ်က ဒုရဲအုပ်ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီဘက်က သေဆုံးသူတွေ အများအပြားရှိနေသလို လက်နက်ချသူတွေလည်း များစွာရှိနေတယ်လို့ သိရပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်က “လက်ရှိ ကျောက်ဖြူကတော့ နေ့တိုင်း တိုက်ပွဲမဖြစ်တဲ့နေ့ကို မရှိပါဘူး။ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေဆဲပဲ။ ရဲတပ်ရင်း ၃၂ ကို ဦးတည်ပြီးတော့ တိုက်စစ်ဆင်နေတယ်။ မကြာခင် ရဲတပ်ရင်း ၃၂ ကနေ လက်နက်ချမလား ဆုတ်ခွာမလား အနေအထားပါပဲ” လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပါတီမှတ်ပုံတင်ခြင်းကို မေလနောက်ဆုံးထား လျှောက်ထားရမည်ဟု စစ်ကောင်စီ ညွှန်ကြား

ပြည်သူထောင်ချီ သေဆုံးကာ တိုက်တာအဆောက်အဦးများစွာ ပြိုကျပျက်စီးခဲ့ရတဲ့ ပြင်းထန်ငလျင်ကို ကြုံတွေ့ခဲ့ရပြီး မကြာမီမှာပဲ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို  လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ အခုလို ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်နေတာကြောင့် လာမယ့် မေလ ၉ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို လျှောက်ထားရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ စစ်တပ်ကင်းစခန်းအနီး တော်လှန်ရေးတပ်များ ချဥ်းကပ်စဥ် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအနီး ကင်းပုန်းဝပ်ဖို့ ချဥ်းကပ်ချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ရွာငံ NLD လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးတွင် အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကြောရေးပို့ဆောင် ဖမ်းဆီးထားပြီး သိပ်မ​ကြာခင်မှာပဲအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူတွေက မောင်းကို အတည်ပြုပါတယ်။
Read More

အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၄ဦး CDF-Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) မှဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သတိပြု

ဂန့်ဂေါ - ကလေး လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အထူးသတိရှိဖို့ ဂန့်ဂေါမြို့နယ် ပကဖ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။