မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၁၄) ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံ ခမရ ၃ တပ်စခန်းတို့က မနက်ပိုင်းမှာ လက်နက်ကြီး ၁၂၀ မမ (၈)လုံး ဇီးကုန်းရွာထဲကို ပစ်ခတ်ခဲ့ရာ လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲပြီး (၅၃)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီရဲ့ ခမရ-၃ တပ်စခန်းက ၁၂၀ မမ လက်နက်ကြီး (၂)လုံး အလူးကြီးရွာထဲကို ပစ်ခတ်ခဲ့ရာ (၁) လုံး ကျရောက်ပေါက်ကွဲပြီး ရွာနေ (၃၀)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကျိုက်ထိုမြို့ အခြေစိုက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ နဲ့ လက်အောက်ခံ တပ်ရင်းစခန်းတွေက ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုရှိရာ နေရာတွေကို မကြာခဏ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ရှိနေသလို အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်​နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရန် ရွှေဘို-မန္တလေး လမ်းမပေါ်တွင် လှုံ့ဆော်

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားပါ ဆိုင်းဘုတ်တချို့ကို စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းမပေါ်မှာ သွားရောက် ချိတ်ဆွဲစိုက်ထူခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်အုပ်စု ၅ ဦး သေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်တပ်ထောက်ပို့ရဟတ်ယာဉ်တစ်စင်းပျက်စီးဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ တပ်ရင်း ၆၀၀၆ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ အကြမ်းဖက်စစ်တပ် ထောက်ပို့ ရဟတ်ယာဥ်(Mi 17P) တစ်စင်းကို ပစ်ခတ်ခဲ့တာကြောင့် အဆိုပါရဟတ်ယာဥ်ပျက်စီးသွားကြောင်း BOB - Battalion Of Budalin တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

လက်နက်ချရန် ဖျောင်းဖျမှုကို လက်မခံဘဲ ပြန်လည်ပစ်ခတ်ခဲ့တဲ့ နမခ ဆက်သွယ်ရေး တပ်ကြပ်ကြီးကို ပစ်ခတ်ရှင်းလင်း…

"သူတို့ဘက်က လိုက်ရှာတယ်၊ လှုပ်ရှားမှုတွေတော့ တွေ့တယ် အဲ့လောက်ပဲဗျ ကျနော်တို့ဘက်ကိုတော့ ရောက်မလာဘူး ကျနော်တို့ကတော့ ကျနော်တို့ ပိုင်နက်ထဲရောက်လာတာကို ပစ်ခတ်ရှင်းလင်းလိုက်တာ ”လို့ ဗိုလ်ပုလဲက ဆက်ပြောပါတယ်။
Read More

လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်စက်ရုံဂိတ်နှင့် ရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာများနှင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံဂိတ်နဲ့ မြို့မရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာ M 79 တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA)က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီး-မူး ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်း၊ ဒုတပ်ရင်းမှူးအပါ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။