ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့အတူ စစ်ကောင်စီက မြဧတီကျေးရွာကို အကြမ်းဖက်စီးနင်း ရှာဖွေခဲ့တယ်လို့ ရွာငံဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းက ရွာငံမြို့နယ်၊ မြသပိတ် ရေပြာအိမ်လမ်းခွဲ၊ တောင်ကြီး-ရွာငံလမ်းပိုင်းမှာ ရွာငံထွေအုပ်ဝန်ထမ်း ၃ ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက အရှင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်အပြီး နောက်တစ်နေ့ (ဇွန်လ ၁၂ ရက်) ညပိုင်းမှာပဲ အောင်ပန်းမြို့ပေါ်ကနေ ကား ၇ စီး၊ အင်အား ၁၀၀ ကျော်နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ အရှေ့မြင်အနောက်မြင်တောင်ခြေက မြဧတီကျေးရွာအတွင်း ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြဧတီကျေးရွာအတွင်းက နေအိမ် ၁ အိမ်ထဲ ဝင်ရောက်ရှာဖွေရင်း အိမ်ပိုင်ရှင်အမျိုးသားဖြစ်သူကို ခေါင်းကွဲတဲ့အထိ သေနတ်ဒင်နဲ့ ထုရိုက်ခဲ့သလို သမီးပျို မိန်းကလေး ၂ ယောက်ကိုလည်း အဝတ်အစားတွေ ချွတ်ခိုင်းကာ မဖွယ်မရာစစ်ဆးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ရွာငံဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ အရပ်သားတဲအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးကာ စစ်ရှောင်နေအိမ်တွေထဲက လက်ကိုင်ဖုန်း ၃ လုံးနဲ့ ဆိုင်ကယ် ၉ စီးကို ခိုးယူသယ်ဆောင်ပြီး ကျေးရွာအတွင်းကနေ အရှေ့ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံထားရမှုအပေါ် လုပ်ဆောင်တဲ့အဖွဲ့ဘက်က လက်ရှိအချိန်အထိ တရားဝင် သတင်းမထုတ်ပြန်သေးတာကြောင့် သတင်းတွေပြတ်တောက်နေပြီး အကြမ်းဖက်စစ်ကြောင်းကလည်း ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်တာတွေ လုပ်ဆောင်နေရာ ဒေသခံတွေထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။

“ထွေအုပ်ဝန်ထမ်းတွေ ဖမ်းခံရတာဟုတ်တယ်။ ဓနုတပ်ဖွဲ့တစ်ခုပါပဲ။ ဘယ်အဖွဲ့လဲဆိုတာ မသိသေးဘူး။ စစ်ကြောင်းစီးတာကလည်း အဲ့ဒါကြောင့်ပါ။ တစ်ရွာလုံးကို စီးတာ ၁၄ အိမ်လောက် အနည်းဆုံးရှာခံရတယ်။ PDF တွေဘာတွေ ဝင်ထွက်လောက်တယ်ဆိုပြီး ရှာတာပါ။ ဖမ်းခံရတာမျိုးတော့ မရှိပါဘူး။ ဝင်မွှေရုံပါပဲ။ လမ်းဘေးဝဲယာက အိမ်တွေမွှေခံရတယ်။ ညဝင်တာဆိုတော့ တချို့လည်း တောထဲတောင်ထဲ ပြေးနိုင်ရှောင်နိုင်ကြတယ်။ တချို့မရှောင်နိုင်ကြဘူး။ မထွက်ပြေးနိုင်တဲ့ အိမ်တွေကတော့ ပိတ်မိပြီးရှာခံရတယ်ပေါ့” လို့ ရွာငံဒေသခံ ၁ယောက်ကမောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ပထမပတ်တုန်းကလည်း ရွာငံမြို့အဝင်က ရွှေပွင့်လင်းဘုရားတောင်ခြေမှာ ဂိတ်ချရင်း ခရီးသည်တွေဆီက ငွေညှစ်တောင်းခံတဲ့ ရဲ ၃ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ရင်း သေနတ်၂ လက်  ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းကို ထိုးစစ်အသွင်ပြောင်းလာလို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အရေအတွက်မြင့်တက်

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းဒေသကို ထိုးစစ်အသွင်ပြောင်းလာပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာတယ်လို့  Rehmonnya Institute for Civic Engagement - RICE  က ထုတ်ပြန်ပါတယ်။  
Read More

အတုအယောင် ရွေးကောက်ပွဲကိစ္စရပ်များ လုပ်ကိုင်နေသည့် ဒဂုံမြို့သစ်(တောင်ပိုင်း) လဝကရုံး လက်ပစ်ဗုံး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သွားကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပုန်းဝပ်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂ဦး သေ

“သတင်းထောက်ဖို့သွားရင်း စခ ၂ကောင် ကင်းပုန်းဝပ်နေတာတွေ့ပြီး ပစ်သတ်ပြီးမှ ပုန်းနေတဲ့ ခွေးတွေက ပေါ်လာပြီး လက်နက်ကြီးနဲ့ ထုကြတာ။ စခ ၃၀ လောက်ရှိတယ်။ ရုတ်တရက်ဖြစ်သွားတဲ့ တိုက်ပွဲမို့ မှတ်တမ်းယူချိန် မရလိုက်ဘူး” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင် နယူးယောက်မှာ ရုံတင်ပြသမယ်

တော်လှန်အနုပညာရှင် မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းပြီးနောက် အာဏာလက်မလွှတ်ချင်သည့် မင်းအောင်လှိုင် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ လုပ်ခဲ့ဟု ဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။