ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၁၂ ရက် ညပိုင်းမှာ တပူးထိုကျေးရွာကို စတင်မီးရှို့ခဲ့တာဖြစ်ပြီး ဇွန်လ ၁၃ ရက်ညပိုင်းအထိ မီးလောင်ခဲ့ရာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တပူးထိုရွာမှာ PNO ပြည်သူ့စစ် တပ်စွဲနေထိုင်နေတာ ၄ လကျော်ရှိပြီဖြစ်ပြီး ဇွန်လ ၇ ရက်မှာ ဒေသခံရွာသူရွာသားတွေကို PNO ပြည်သူ့စစ်က ရွာအတွင်းကနေ မောင်းထုတ်ပြီးနောက် ကျေးရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

“အိမ်တွေကလည်း တအားကပ်လျက်ကြီးတွေမဟုတ်လို့ရယ်၊ မိုးရွာလို့ မီးတွေက ဆက်မကူးတာရယ်ကြောင့် တရွာလုံးမပါသွားတာ။ ရွာမှာ သူတို့(PNO ပြည်သူ့စစ်)ပဲရှိတယ်။ ရွာသားတွေကိုလည်း သူတို့မောင်းထုတ်ထားတယ်”လို့ ဒေသခံတစ်ယောက်က ပြောပြကြောင်း PNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုကနေ ပြည်သူ ၄ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ သတိပေးစာပေးပို့ကာ မောင်းထုတ်ထားတာပါ။အဆိုပါကျေးရွာတွေကတော့ နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနဲ့ တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာတွေက ဒေသခံအားလုံး ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ မထွက်သွားရင်တော့ ဖြစ်လာမယ့်အကျိုးဆက်ကို တာဝန်မယူကြောင်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၇ ရက်မှာ စာပေးပို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မှာ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီဟာ ကျားဖြန့်နဲ့ ငွေလိမ်ဂိုဏ်းတွေကို အဓိက ကူညီအားပေးနေလို့ နိုင်ငံတကာက တိုက်ရိုက်အရေးယူပေးဖို့ Justice For Myanmar က တောင်းဆို

စစ်ကောင်စီဟာ ဒေသတွင်းမှာ အားကောင်းလာတဲ့ ဆိုင်ဘာငွေလိမ်ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုများကို အဓိက အားပေးကူညီနေတဲ့သူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ မင်းအောင်လှိုင်က တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် AI နည်းပညာကို အသုံးပြုရမယ်လို့ဆို

တိုင်းပြည်ကို လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် AI နည်းပညာနဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးမှာ အသုံးချရမယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

ထန်တလန်မှာ စစ်ကောင်စီ တပ်သား ၃ ယောက် သေနတ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စု ဒရုန်းနဲဲဗုံးကြဲပြီး မီးရှို့လို နေအိမ် အလုံး ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စစ်ရှောင်ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေ၊ ၂၂ ယောက်နဲ့အထက် ဒဏ်ရာရ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေပြီး ၂၂ ယောက်နဲ့အထက် ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။