ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်မှာ ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂  ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိကာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးနေကြောင်း ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တောင်ငူ-လိပ်သိုလမ်းပိုင်းအတိုင်း ရိက္ခာဖြည့်တင်းဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ၂ ရက်ဆက် ခုခံခဲ့တယ်လို့ သိရပါတယ်။

အင်အား ၂၀၀ ကျော်ပါ အထက်ပါအကြမ်းဖက်စစ်ကြောင်းဟာ ကရင်ပြည်နယ်၊ လိပ်သိုမြို့အ​​ခြေစိုက် ခမရ ၆၀၃ တပ်ရင်းကို လက်နက်နဲ့ရိက္ခာအင်အားတွေ သွားရောက်ဖြည့်တင်းဖို့ ကြိုးစားတာ ဖြစ်ပြီး ကွန်မန်ဒို၊ တပ်မ ၄၄၊ တပ်မ ၆၆ နဲ့ တပ်မ ၇၇ တို့က  စစ်​ကောင်စီတပ်သားတွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာတော့ အကြမ်းဖက်စစ်ကြောင်းက ရှေ့ပြေးကွန်မန်ဒိုတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ကွမ်းပင်ရွာအုပ်စု၊ မွန်ကုန်း ကျေးရွာမှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“၁၃ရက်နေ့ မနက်အစောပိုင်း ၅ နာရီလောက်မှာ ရှေ့ပွိုင့်လွှတ်တဲ့ စခ ကွန်မန်ဒိုစစ်ကြောင်းနဲ့ တိုက်ပွဲစဖြစ်ပါတယ်။ အင်အားက ၄၀ လောက် ရှိမယ်။ အဲ့မှာ ၁ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရပါတယ်။ လက်နက်နဲ့ ရိက္ခာတွေကို ဖောကား ၁၄စီးနဲ့တင်ပြီး အင်အားဖြည့်ဖို့လုပ်နေတာပါ။ ထိတွေ့မှုဖြစ်တဲ့ ၂ ရက်လုံးကလည်း သူတို့ရှေ့ပြေးတပ်တွေနဲ့ပါပဲ” လို့ ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ ဇွန်လ ၁၄ ရက်နေ့မှာလည်း ဆိတ်ကုန်းရွာနဲ့ ထုံးဘိုကြီးရွာအကြားက ညောင်ကလိုင်ထိုင်ကွေ့မှာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းကလည်း အခုလိုမျိုး တောင်ငူ-လိပ်သိုလမ်းပိုင်းကို အသုံးပြုပြီး ခမရ ၆၀၁ တပ်ရင်းထံ လက်နက်အင်အားနဲ့ ရိက္ခာတွေပို့ဆောင်ဖို့ကြိုးစားခဲ့ဖူးပါတယ်။

ဒါပေမယ့် မိုးထဲရေထဲ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရတာကြောင့် ယူဆောင်လာတဲ့ ပစ္စည်းတွေ အကုန်ဆုံးရှုံးခဲ့ကြရပါသေးတယ်။

ဒါ့အပြင် အဲ့ဒီအချိန်ကတည်းက ထုံးဘိုကြီး၊ ထိုးဝချောင်း၊ မလွှကုန်းနဲ့ မွန်ကုန်းစတဲ့ ရွာ ၄ ရွာက အရပ်သားတွေဟာ စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာတွေထဲ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာတွေကို တိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။ 

“ဒီကောင်တွေ တပခ ကနေလာတာ ဖြစ်ဖို့များတယ်။ ဖောကား ၁၄ စီးကို ရိက္ခာတင်ပြီး လာတာ ၃၉  တပ်ရင်းမှာ တစ်ရက်နားတယ်။ ပြီးတော့ ကမ်းနီရွာကို ဝင်တယ်။ အဲ့လိုကနေမှ နောက်တဆင့်တက်လာတယ်။ အဓိကကတော့ သူတို့ရိက္ခာ ပြတ်နေပြီလေ။ ပထမတစ်ခေါက်ပို့တုန်းက မအောင်မြင်တော့ အခု လူအင်အားထပ်တိုးပြီး နောက်တစ်ခေါက် ထပ်ပို့ပါတာပါ”လို့ ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ အထက်ပါစစ်ကြောင်းဟာ အရပ်သားတွေကို ဓားစာခံလုပ် ဖမ်းဆီးကာ စစ်ကြောင်းရှေ့တိုးဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို KNU တပ်မဟာ (၂) တပ်ရင်း (၅)လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးအဖွဲ့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၅၀၂) တပ်ခွဲ (၁) (၂) တို့က အတူပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ၈ နာရီကြာ တိုက်ပွဲဖြစ်ပွား 

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ၈နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

သီတင်းကျွတ်လပြည့်နေ့မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီ NUG ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာ ၂ ရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ရွာက နေအိမ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ Democracy Movement Strike Sommittee – Dawei ထံက သိရပါတယ်။
Read More

ဟိုယတွင် MNDAA နှင့် အာဏာသိမ်းစစ်တပ် အခြေအနေ တင်းမာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်အနီး ဟိုဟမှာ MNDAA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။