စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် လူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး မင်းကွန်းရဲစခန်းကနေ  ထွက်ခွာလာတဲ့ အင်အား၂၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မင်းကွန်းရွာကတဆင့် မြောက်ဘက်မှာရှိတဲ့ ကင်းရွာကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်​တွေဟာ ကင်းရွာ ‌ဆုတောင်းပြည့်ဘုန်းကြီး‌ကျောင်းက ကျောင်းထိုင်ဆရာ‌တော် ၁ပါး အပါအဝင် ဆရာတော်ရဲ့ မိခင်ဖြစ်သူနဲ့ ယောက်ဖတို့ကို ပစ်သတ်ခဲ့ကြကြောင်း Wetlet Informational Network က ပြောပါတယ်။

ဒါ့အပြင် ချောင်းမကြီးရွာထဲကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၄၀ အရွယ် အမျိုးသမီး ၁ ယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ကျန်တဲ့ အမျိုးသမီး၂ ယောက်လည်း လက်မောင်း‌မှာ ကိုယ်စီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ကင်းရွာနဲ့ ချောင်းမကြီးရွာထဲက နေအိမ်တွေကိုပါမီးရှို့ဖျက်ဆီးခဲ့တယ်လို့ Wetlet Informational Network က ပြောပါတယ်။

အထက်ပါ စစ်ကိုင်းမြို့နယ်အရှေ့ဘက်ခြမ်းနဲ့ ထိစပ်နေတဲ့ မတ္တရာနယ် ကျွန်းရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်တပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။

“မင်းဝံတောင်ရိုး မင်းကွန်းရွာမြောက်ဘက်ကိုစစ်ကြောင်းထိုးနေတာ ၂ ရက်လောက် ရှိပါပြီ။ မင်းကွန်းအထိုင်ကနေ အင်အားဖြည့်ပြီး ၂၀၀ လောက်နဲ့ ထိုးလာတာပါ။ မင်းဝံတောင်ရိုးရဲ့အရှေ့ဘက်အတိုင်း မြောက်ဘက်ဆီဆက်ထိုးလာရင် မတ္တရာနယ်ထဲပါတဲ့ အိုင်ဒိုင်ရွာဘက် ရောက်မယ်။ ကြားတာကတော့ ရှိမ်းမကားခွေးခြံထိ တိုးမယ်ကြားတယ်။ အဲ့ဒါကြောင့် မတ္တရာပကဖကလည်း ဒေသခံအဖွဲ့တွေနဲ့ပေါင်းပြီး ခုခံကာကွယ်နေပါတယ်” လို့ Voice Of Mandalay တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လူ့အခွင့်အရေး ချိုးဖောက်‌နေသည့် အကျဉ်းဦးစီးဝန်ထမ်း‌များကို အရေးယူနိုင်ရန် တော်လှန်ရေးအဖွဲ့တွေထံ ကိုယ်ရေးအချက်အလက်များ ဖြန်ဝေသွားမည်ဟု PPNM ထုတ်ပြန်

"ကျွန် တော်တို့က လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းဖြစ်တာ ကြောင့် လူ့အခွင့်အရေးနဲ့အညီ အရေးယူသွားမှာပါ" လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ဝက်လူးရွာမှာ တပ်စွဲထားသည့် စစ်အုပ်စုက ဒေသခံ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို သတ်ဖြတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နွားထိုးကြီးနယ်ခံတွေဆီက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၁၁ဦးကို မိုင်းကွင်းဖြတ်ခိုင်း၊ ၅ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရ၊ အရပ်သားအချို့ကိုလည်း ခေါင်းကို သေနတ်ဖြင့် တေ့ပစ် သတ်ခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၉ယောက်ကို ခေါင်းသေနတ်တေ့ပစ်သတ်တာနဲ့ အသေခံ မိုင်းနင်းခိုင်းတာတွေလုပ်ဆောင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။
Read More

ရေးမြို့နယ်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းရှိ စစ်မှုထမ်းဆင်း စစ်သားသစ် ၂ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက စစ်မှုထမ်းဆင်းစစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်များ ​ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပေါက်တောက မွတ်ဆလင်ဒုက္ခသည်တွေကို AA က စားနပ်ရိက္ခာ ထောက်ပံ့ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်တွေကို ရက္ခိုင့်တပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။