မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စလင်းမြို့နယ် ပကဖ တာဝန်ခံများနှင့်ရဲဘော်များမှ ကျေးရွာတွေကို သွားရောက်ကာ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးလက်နက်ငယ်အန္တရာယ်၊ မိုင်းအန္တရာယ်တွေနဲ့ပတ်သက်လို့ သတိထားရမယ့်အချက်တွေနဲ့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို လမ်းကမ်းစာစောင်တွေ မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

စလင်းမြို့နယ် ပကဖ တာဝန်ခံနဲ့အဖွဲ့ဟာ ကျေးရွာတွေရှိ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး တော်လှန်ရေးအသိပညာပေးဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အညာဒေသအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ရှိရာနေရာတွေမှာ နေထိုင်တဲ့ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးတာတွေ မကြာခဏ ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်နဲ့ စစ်တပ်အထိုင်ဂိတ်တွေကို တော်လှန်ရေးတပ်များ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့က စစ်တပ်ရဲ့ ခလရ (၅၀) တပ်ရင်းအပါအဝင် အထိုင်ချထားတဲ့ ဂိတ်တွေနဲ့ ရုံးစိုက်ရာနေရာတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက် ၆နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်တပ်နေရာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး (၆) လုံးနဲ့ ပစ်ခတ်ခဲ့ပြီး (၆) လုံးစလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီ ခလရ ၂၇၅ မှ ထွက်ပြေးအလင်းဝင်လာသူ ၃ ဦး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိဟု ဗျူဟာ ၃၁ ပြော

ကရင်ပြည်နယ်၊ တောင်ပိုင်တိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ အလင်းဝင်လာတဲ့ မြဝတီအခြေစိုက် ခလရ ၂၇၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်သွားဖို့ ဆန္ဒရှိကြောင်း ဗျူဟာ (၃၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သာပေါင်းအနီး တိုက်ပွဲပြင်းထန်မှုကြောင့် ရာနှင့်ချီသည့် သစ်ထုတ်လုပ်ရေး ဆင်များကို ပြောင်းရွှေ့

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အနီးအထိ တိုက်ပွဲတွေ ပြင်းထန်နေလို့ သစ်ထုတ်လုပ်ရေးလုပ်ငန်းက ရာနဲ့ချီတဲ့ ဆင်တွေကို ဝန်ထမ်းတွေနဲ့အတူ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၄လအတွင်း အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက် သေဆုံးခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် အထူးဒေသ (၁)မှာ ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက်သေဆုံးပြီး ၁၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့  MNDAA က အသိပေးထုတ်ပြန်ပါတယ်။