စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် လူစုကွဲပြီး လမ်းမှားကာ တော်လှန်ရေးတပ်တွေ ရှိရာကို ရောက်လာတဲ့ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းရဲ့ တပ်ခွဲမှူးက မောင်းသတင်းဌာနကို ပြောပါတယ်။

အင်မထီးကျေးရွာကနေ ကန်ဒေါင့်ကျေးရွာကို စစ်ကူသွားတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ကာကွယ်ရေးတပ်တို့ ဇွန်လ ၉ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ ထွက်ပြေးဆုတ်ခွာရင်း လူစုကွဲသွားတဲ့ ဒုတပ်ကြပ် စိုးဝင်းဟာ တောထဲမှာ လမ်းပျောက်နေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဇွန်လ ၁၀ ရက် မနက် ၂ နာရီလောက်မှာတော့ စစ်ကောင်စီတပ်က ဒုတပ်ကြပ် စိုးဝင်းဟာ လက်နက်နဲ့အတူ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းဆီ လမ်းမှားပြီး ရောက်လာတဲ့အတွက် ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

“နယ်မြေမကျွမ်းကျင်မှုတွေရော သူတစ်ယောက်တည်းကွဲပြီးတော့ တောထဲမှာ ရောက်လာတယ်။ တောထဲမှာရောက်လာတော့ ကျနော်တို့ အမြဲတမ်း အထိုင်ချကာထားတဲ့ ကာကင်းဘက် မျက်စိလည်လမ်းမှားရောက်လာလို့ ကျနော်တို့ ရဲဘော်လက်ထဲ ဖမ်းမိလိုက်တာ ” လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းရဲ့ တပ်ခွဲမှူးက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒုတပ်ကြပ် စိုးဝင်းဟာ တော်လှန်ရေးတပ်တွေဆီ ရောက်လာပေမယ့် စစ်ကောင်စီတပ်သားတွေလို့ ထင်ပြီး မေးမြန်းသမျှကို ကောင်းကောင်းမွန်မွန်ဖြေဆိုသလို စစ်တပ်က အရာရှိတွေကို ဆက်ဆံတဲ့ပုံစံအတိုင်း ပြောဆိုပြုမူတာမျိုးတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ − ဒုတပ်ကြပ်စိုးဝင်းဆီကနေ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း…

“ကျနော်တို့ဖမ်းလိုက်တာကို သူမသိဘူး၊ ရှေ့တန်းကနေ နောက်ပြန်ဆုတ်လို့ သူ့စကစအဖွဲ့အစည်းတွေက သူ့ကိုဖမ်းလိုက်တယ်လို့ပဲ ထင်နေတာ၊ အဲ့ဒါကြောင့် ကျနော်တို့ကို အဲလိုစကားတွေ ကောင်းကောင်းမွန်မွန် ပြောနေတာ၊ ကျနော်တို့ကို အရာရှိတစ်ယောက်ပုံစံမျိုးနဲ့လည်း စကားမေးမြန်းတာတွေကို ပြောဆိုတယ်” လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းရဲ့ တပ်ခွဲမှူးက ဆက်ပြောပါတယ်။

ဒုတပ်ကြပ်စိုးဝင်းဆီကနေ MA 11 တစ်လက် ၊ အီနာဂါ ဗုံးသီး ၂ လုံး ၊ ကျည်အတောင့် ၂၀၀ ကို သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံစိတ်ချတဲ့တစ်နေရာမှာ ထိန်းသိမ်းထားရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားချိန်က အဆိုပါဒုတပ်ကြပ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ရောက်တာမျိုး လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း စိတ်ချလို့ မရတဲ့အတွက် အခြေအနေစောင့်ကြည့်ပြီး ဆက်လက်ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။

ကန့်ဒေါင့်ရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂ ရက်မှာ စတင်တိုက်ခိုက်နေတာဖြစ်ပြီး အထိနာနေတဲ့ စစ်အုပ်စုဟာ လေကြောင်းပစ်ကူတွေ တရစပ်လုပ်ဆောင်နေသလို ဇွန်လ ၁၀ ရက်မှာလည်း စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၁ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ပစ်ချခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

မင်္ဂလာဦးရပ်ကွက် စစ်တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ရာနှင့် စစ်ကူကားတို့ကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်၊ ငွေကျပ် ၉၆ သိန်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း ၁​၁ ဦးကိုလည်း ဖမ်းဆီးခဲ့ဟု ဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မင်္ဂလာဦးရပ်ကွက် စစ်​တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ယာနဲ့ တပ်ကူလာတဲ့ စစ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောများကြောင့် မြစ်ဘေးဝဲယာကျေးရွာများ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ် သတိထားနေရ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ကို ဆန်တက်နေတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆက်တက်ဖို့ရှိနေတယ်လို့  Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် စစ်ကောင်စီက ကျားဖြန့် လုပ်ငန်းတွေက ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ကယ်တင်လွှဲပြောင်းပေးထားတယ်လို့ ဆို

ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခြင်းခံရတဲ့  ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။