မန္တလေးအိုးဘိုထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ CDM ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

CDM အလယ်တန်းပြ ဆရာမကြီးဒေါ်မြင့်မြင့်သန်းဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ပုဒ်မ(၅၂က) နဲ့ ထောင်ဒဏ်( ၅)နှစ် ချမှတ်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်မြင့်မြင့်သန်းဟာ တီဘီရောဂါအခံရှိသူဖြစ်ပြီး ရောဂါပြင်းထန်လာချိန်မှာ ထောင်အာဏာပိုင်တွေဆီ ဆေးကုသခွင့်တောင်းခံခဲ့ပေမယ့် ဆေးကုသခွင့်မပြုတာကြောင့် ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနှစ်အတွင်းမှာ လုံလောက်စွာဆေးဝါးကုသခွင့်မရတာကြောင့် သေဆုံးတာ ၁၁ ဦးရှိနေပါပြီ။ ပုံမှန် ကျန်းမာရေးမကောင်းလို့ သေဆုံးတာမျိုးဆိုရင်တော့ ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကို ဆက်သွယ်ပါတယ်” လို့ PPNM မဗ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

ကျောင်းအုပ်ဆရာမကြီးဟာ တီဘီရောဂါအခံကြောင့် ဆေးအပြင်းတွေကို သွင်းနေရပြီး ဆေးပြင်းတွေကြောင့် သွေးကြောပေါက်ချိန်မှာ အချိန်မီ ဆေးဝါးကုသစောင့်ရှောက်မှု မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ မြန်မာနိုင်ငံက အခြားအကျဉ်းထောင်တွေမှာလည်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူတွေဟာ ရောဂါဖြစ်ပွားတာတွေ၊ ဆေးကုသခွင့် ဆုံးရှုံးပြီး ရောဂါအခံ ပိုမိုဆိုးရွားလာတာတွေအပြင် သေဆုံးသင့်တဲ့ အခြေအနေမဟုတ်ဘဲ အသက်ပေးရတဲ့အထိ ဖြစ်နေတယ်လို့ PPNM က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁) မှ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ် ၏ ဈာပနအခမ်းအနား

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်တွင် စစ်ကော်မရှင်တပ် ချန်ခဲ့သည့် ဗုံးသီးပေါက်ကွဲပြီး ဒေသခံ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကော်မရှင်တပ် ချန်ခဲ့တဲ့ ဗုံးသီး ပေါက်ကွဲပြီး ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို NUG ဝန်ကြီးတွေ ပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ဆင်နွှဲခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကျိုက်ထိုမြို့နယ်ထဲက စစ်ကောင်စီ ရွေ့လျားစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်ရာ စစ်အုပ်စုက ၄ ယောက်သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက KNU ထိန်းချုပ်နယ်မြေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ယောက်သေကာ ၈ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ-ရဲဘော်ကိန်းက မောင်းကိုပြောပါတယ်။