ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အပိုင်ထဲက  ပေါက်ခေါင်း – အုတ်တွင်း လမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် ညနေ ၆ နာရီအချိန်မှာ ပေါက်ခေါင်းမြို့နယ်၊ နီပါး‌ဆေးရွာနဲ့ တောင်လည်ရွာကြား ဂွေးပင်ကုန်းနေရာကို တောင်လည် တာဝါတိုင်ရဲကင်းက ဗိုလ်ကြီး အောင်မြင့်မြတ်ဟာ ရဲတပ်သား ၂ ယောက်၊ စစ်သား ၆ယောက် လုံခြုံရေးယူကာ ဘက်ဟိုးနဲ့ ကုတ်ပြီး လမ်းကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ဒီနေ့ ဇူလိုင်လ ၁ ရက် နေ့လယ် ၁၁ နာရီအချိန်မှာလည်း ပေါက်ခေါင်း- အုတ်တွင်းလမ်းပိုင်း၊   စမ်းကုန်းကျေးရွာနဲ့ ကြို့ကုန်းကျေးရွာကြား နေရာကို ထပ်မံပြီး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“အခုသူတို့ လမ်းဖျက်တာက PDF တွေကို ရိက္ခာဖြတ်ချင်လို့ပေါ့နော်။ အဲ့လို ပုံစံနဲ့ လမ်းတွေကို လာဖျက်ဆီးသွားတာပါ။ လမ်းဖျက်သွားတဲ့ ကြားက PDF စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။  အဲ့ဒါကြောင့်မို့  သူတို့က လမ်းလာဖျက်သွားတယ်၊ တကယ် ဒုက္ခရောက်တာက ပြည်သူတွေပါပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

အခုလို လမ်းဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်နဲ့  ကုန်စည်သယ်ယူရေးတို့မှာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

ပေါက်ခေါင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း ၂နေရာကို စစ်ကောင်စီတပ်တွေ ဖျက်ဆီးထားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ဘုတလင်တွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သား ၇ ဦး သေ၊ သေနတ် ၂ လက်နှင့်  ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။
Read More

DPLA လှုပ်ရှားနယ်မြေများမှာ ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းများနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်ခဲ့…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

တောင်သာက စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွာစခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်ပါတယ်။