ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဘန်ကာကင်းကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇွန်လ ၁၃ ရက် မနေ့ကညပိုင်းက တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ အမှတ် ၃ လမ်းနဲ့ အမှတ် ၇ လမ်းဆုံက ဘန်ကာကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

ပုံစာ – ရန်ကုန်မြို့အတွင်း တွေ့ရတဲ့ စစ်တပ်ဘန်ကာတစ်ခု (ပုံဟောင်း)

“အဝေးထိန်း ၂ လုံးသုံးခဲ့ပေမယ့် ၁ လုံးပဲ ကောင်းကောင်း အောင်တယ်။ နောက် ၁ လုံးက ပေါက်ကွဲအား နည်းသွားတယ်။ သိရသလောက် စစ်ခွေးအစောင့် ၃ ကောင်အပြင်ထွက်ချိန် ဆွဲလိုက်တာမှာ ၁ ကောင်ပဲ ထိပြီး လဲကျသွားတယ်ပေါ့။ နောက်ဆက်တွဲထိခိုက်မှုတွေကိုတော့ မြေပြင်ထောက်လှမ်းနေဆဲပါ။”လို့ Operation Flame (OF) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုလုပ်ဆောင်ပြီးတဲ့နောက် ပြောက်ကျားရဲဘော်တွေလည်း ဘေးကင်းရာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ Operation Flame (OF) က သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ Operation Flame (OF) အနေနဲ့ ဆက်လက်ပြီး ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့ လက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလတစ်လလုံးမှာလည်း ရန်ကုန်တိုင်းထဲကအကြမ်းဖက်စစ်ကောင်စီထောက်တိုင် ယန္တရားတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ၈ ကြိမ် တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနှင့် ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်အဖွဲ့တို့ ဇွန်လ (၁၄) ရက် ဒီနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသော အသက်မပြည့်သေးသူ (၁) ဦး အပါအဝင် (၅) ဦး KNLA ထံလက်နက်ချ

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ အသက်မပြည့်သေးသူ ၁ ယောက် အပါအဝင် (၅) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ဆီလက်နက်ချ ဘက်ပြောင်းခိုလှုံ ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းမဲပေါက်လို့ စစ်တပ်ထဲ ဝင်ခဲ့ရသည့် တပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄၅)လုံး၊ လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် စစ်ကြောင်း၂ ခု ခွဲလာသည့် အကြမ်းဖက်စစ်အုပ်စုနှင့် မင်းဘူးခရိုင်တပ်ရင်း ၅ ထိတွေ့မှု ဖြစ်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲပြီး ဝင်ရောက်လာတဲ့အကြမ်းဖက်စ​​စ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။