ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ ရက်က ကွင်းဆိပ်ကျေးရွာနဲ့ ဝင်းကံကျေးရွာကြားရှိ ညောင်ခြေထောက်ကျေးရွာက ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာတွေ ပြန်လည်တည်ဆောက်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက်က ဒဏ်ရာပြင်းထန်ကာ စစ်တောင်းမြစ်အနောက်ဖက်ကမ်းကျေးရွာတွေဘက် သယ်ယူလာတာကို တွေ့မြင်ခဲ့ရတဲ့ ပြည်သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီ သတင်းပေးပို့လာတယ်လို့ ပဲခူးခရိုင် ပကဖ က ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသူတွေလည်း ရှိပြီး ခမရ ၅၉၈ အနီးဝန်းကျင်မှာပဲ မြှုပ်နှံခဲ့တာကြောင့် အရေအတွက် အတိအကျမသိရဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ ပူးပေါင်းအဖွဲ့ ပဲခူးခရိုင် ပကဖ၊ကဝ ပကဖ၊ UDF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းကို ပြီးခဲ့တဲ့ မေလ ၈ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ လက်နက်မျိုးစုံ ၈၃ လက်၊ စစ်သား အလောင်း ၃၀ ခန့်၊ စစ်သုံ့ပန်း ၆ ယောက်နဲ့ မိသားစုဝင် ၇ ယောက်တို့ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် အယောက် ၅၀ ခန့် စခန်းစွန့်ခွာထွက်ပြေးခဲ့တာဖြစ်ပါတယ်။

ပုံစာ – မေလ ၈ ရက်က ခမရ ၅၉၈ ကို တိုက်ခိုက်သိမ်းပိုက်စဥ်က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်းဆင်းပွဲ

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ် အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းတွင် အကြမ်းဖက်စစ်တပ် အင်အား ၅၀ ပါစစ်ကြောင်းနှင့် S.R.F တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F )  ပြောရေးဆိုခွင့်ရှိသူ  သူသူခိုင်က မောင်းကို ပြောပါတယ်။
Read More

ပင်လည်ဘူးမြို့က အောင်ပွဲရ ရဲဘော်တွေကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ အားပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးမိတ်မှာ TNLA ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ယောက်ကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ (၁) ဦးဒဏ်ရာရပြီး နေအိမ် (၃) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် ဒဏ်ရာရပြီး နေအိမ် (၃) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။