စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၂ ရက် မနေ့က မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကနေ ရဲတပ်ကြပ်တစ်ယောက်က MA 13 (BA 94) အမျိုးစားသေနတ် တစ်လက်၊ ၉မမ ကျည် အတောင့် (၃၀)၊ ကျည်ဘောက်တစ်ခု တို့ကို ယူဆောင်ကာ ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

“သူနဲ့ ကျနော်တို့ တပ်ခွဲ ၂ က တာဝန်ရှိတဲ့ ရဲဘော်တစ်ဦးနဲ့က သူတို့ပုဂ္ဂိုလ်ရေးအရ သိထားတဲ့ဟာပေါ့နော်။ အလင်းဝင်ဖို့ ပြင်ဆင်တာက ၂ လ ၃ လလောက်ပြင်ဆင်လိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူက လူချည်းပဲထွက်လာမယ်ဆိုရင် သူက ထွက်လာလို့ရပြီပေါ့။ ဒါပေမယ့် သူက လက်နက်ပါ ရအောင် ယူခဲ့တာဆိုတော့ ကြိုတင်ပြင်ဆင်ရတာ” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အလင်းဝင် ရဲတပ်ကြပ်ဟာ ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် (၃၀)၊ တပ်ခွဲ (၂) ကို ဆက်သွယ်ချိတ်ဆက်ပြီး CDM ပြုလုပ်ကာ ဇနီးနဲ့သားကိုပါ ခေါ်ဆောင်ကာ ပြည်သူ့ရင်ခွင် ဘက်ပြောင်းခိုလှုံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကို ထိုက်သင့်တဲ့ ဆုကြေးငွေတွေ ချီးမြှင့်သွားမှာဖြစ်ပြီး CDM ရဲဇနီးမောင်နှံကို လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းခိုလှုံလိုတဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့ဝင်တွေကို လက်ခံကြိုဆိုနေသလို ယူဆောင်လာမယ့် လက်နက် အမျိုးအစားအပေါ် မူတည်ပြီး ထိုက်သင့်တဲ့ ဆုငွေတွေ ပေးအပ်သွားမှာဖြစ်သလို တိုက်ပွဲအတွင်း လက်နက်ချရင်တော့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တိုက်ပွဲ ပစ်ခတ်မှုများအတွင်း ဒေသခံ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟု ဆို

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားပြီးမှ ဖြူဖြူထွေး ပါဝင်ဖျော်ဖြေမှုကို လက်မခံကြတာကြောင့် ဖြူဖြူထွေး အစား အဆိုတော်ရွှေထိုက်နဲ့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဉ်းများ အားလုံး အမြန်ဆုံးလွှတ်ပေးရေး လွှတ်တော်ကိုယ်စားပြုကော်မတီများ တောင်းဆို

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ဒီနေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။
Read More

ရေဦးမြို့ အနောက်ဘက် စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးပါ ၁၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက် အထွက်က စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေ ဆုံးသူတွေရှိတယ်လို့ ရေဦးကော်လံ စစ်ကြောင်းဆီက သိရပါတယ်။
Read More

လေးကေ့ကော်ကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေ၊ လက်နက်ကြီးများလည်း အဆက်မပြတ် ပစ်ခတ်နေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်ကို အကြမ်းဖက် စစ်ကော်မရှင်က စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။