ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းက တပ်ခွဲမှူး သင်တန်းဆင်းတွေပါတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ခွဲမှူး ၈ ယောက်နဲ့ ယာဉ်မောင်းတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ People Defence Force – Thandaung က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၇ ရက် ညနေပိုင်းမှာ သံ‌တောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းက တပ်ခွဲမှူး သင်တန်းဆင်းတွေပါတဲ့ ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်းရှိ ၇ မိုင်စခန်းကုန်းအနီး တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ရဲ့ ခွဲမှူး ၈ ယောက်နဲ့ ယာဉ်မောင်းတပ်ကြပ် ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်ငူခရိုင်၊ တပ်မဟာ(၂)၊ တပ်ရင်း(၅) လက်အောက်ခံ People Defence Force Thandaung MLB စစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၂၇ ရက်ကလည်း တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ စစ်ကောင်စီတပ်ရဲ့ ထုံးဘိုကြီးစခန်းကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့‌သေးတယ်လို့ သိရပါတယ်။

Video- People Defence Force – Thandaung

0 Shares:
You May Also Like
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ညောင်ဦးမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၈ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ထွက်လာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ လောင်းလုံးပကဖ ထုတ်ပြန် (ရုပ်/သံ) 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ဇွန်လတစ်လတာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို လောင်းလုံးပကဖ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

ရခိုင်ပြည်နယ်အတွင်း မြို့တွေကို လက်လွှတ်ရပြီး စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင် စခန်းနဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်နေတဲ့ ရပ်ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ မီးရှို့ဖျက် ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဆုံရွာ ပျူခေါင်းဆောင်နေအိမ်နှင့် ကင်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်နဲ့ ကင်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့  Youth Guerrilla Counter Revolution -NZ မှ သတင်းထုတ်ပြန်ထား ပါတယ်။