မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာစည် (ရွာဟောင်း) ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးနဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၂ ရက် မနေ့ကညပိုင်းမှာ ဂန့်ဂေါမြို့အခြေစိုက် အမှတ် (၅၀) ခြေလျင်တပ်ရင်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေက မြို့မြောက်ဘက်၊ ရွာစည် (ရွာဟောင်း) ရွာကို ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ဒလန်သတင်းပေးမှုအရ ရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး နေအိမ်တွေထဲ ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနာက်မှာတော့ ၁၀ နှစ်အောက် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါ အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်​ဆောင်သွားတာဖြစ်ပါတယ်။

“ဖမ်းခံရတဲ့ ၁၅ယောက်ထဲမှာ အမျိုးသမီးက၂ယောက်၊ ၁၈အောက် လူငယ်က ၂ယောက်နဲ့ ၁၀နှစ်အောက်ကလေးက ၂ယောက်ပါပါတယ်။ PDF ရွာရယ်မဟုတ်ဘဲ အိမ်နဲ့နာမည်နဲ့တကွ သတင်းပေးတာလို့ပြောတယ်။ ၅၀ တပ်ထဲကိုပဲ ခေါ်သွားကြတာပါ” လို့ ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကိုပြောပါတယ်။

ဒီဖမ်းဆီးမှုကို ခလရ ၅၀ တပ်ရဲ့ ဗျူဟာမှူး လှမျိုးထွဋ်ဆိုသူက ဦးဆောင်ခဲ့တာဖြစ်ပြီး ရွာစည်ရွာကအမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကိုဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို နေရပ်လိပ်စာ အတိအကျသတင်းရတာကြောင့် သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်အကောင့်ကတဆင့် ပြောထားပါသေးတယ်။

ဒါ့အပြင် မနေ့က ညနေပိုင်းမှာ ခလရ ၅၀ တပ်ထဲကနေ စစ်ကောင်စီကား ၃ စီး ထွက်လာခဲ့ပြီး မြို့တောင်ဘက် လောင်ထောင်ဂိတ်ထဲ တပ်ဖွဲ့ဝင်တွေကို ချထားခဲ့ကြောင်း၊ အဆိုပါ လောင်ထောင်ဂိတ်ကမှတဆင့် ဒေသအခေါ် ပျားနတ်တောင် ပတ်ဝန်းကျင်ကို ထပ်မံခြေလျင်စစ်ကြောင်းထိုးခဲ့ကြောင်းနဲ့ လက်နက်ကြီးသံ၊  သေနတ်သံတွေလည်းထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နောက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေဆီ ညကြီးအချိန်မတော် ရှောင်တခင် ဝင်ရောက်တာမျိုးတွေ မကြာခဏလုပ်ဆောင်လာတာကြောင့် အရပ်သားတွေအနေနဲ့စစ်ရေးသတင်းတွေ အထူးဂရုပြုသင့်တယ်လို့ ယောအလင်းတန်းက တိုက်တွန်းထားပါသေးတယ်။

တစ်ဖက်မှာလည်း ဂန့်ဂေါနယ်အတွင်း ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ ၄ ရက် ရှိလာပြီဖြစ်တာကြောင့် အရပ်သားတွေအဖို့ စိုးရိမ်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကလည်း မန်ကျည်းခင်ရွာကို အကြမ်းဖက်စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ကိုယ်ဝန်​ဆောင်သည်အပါ အရပ်သားတွေကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

လှတောကျေးရွာ ဓားပြမှုတွင် ကျူးလွန်သူ ၁၁ဦးကို ဖမ်းမိကြောင်း သက်သေခံပစ္စည်းများနှင့်တကွ ဝက်လက် ပကဖ ထုတ်ပြန်၊ တရားစွဲဆိုအရေးယူနိုင်ရေးကို မြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ) လုပ်ဆောင်မည်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်ဓားပြတိုက်မှု ကျူးလွန်ခဲ့သူတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီဖြစ်တာကြောင့် တရားစွဲဆိုနိုင်ရေးအတွက် မြို့နယ်ပလဖထံ လွှဲပြောင်းအပ်နှံထားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

ဆားလင်းကြီးမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပအဖ သွားရောက်ကူညီထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေ ထားရှိရာနေရာတွေဆီ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း…

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားသစ် ၁ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများပြား

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယောဗျူဟာက ဂန့်ဂေါခရိုင် တပ်ရင်း ၅ ရင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တပ်ဆင် (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ယောဗျူဟာက ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတွေအနေနဲ့ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ ဗျူဟာဖွဲ့စည်းခဲ့ပြီး ဗျူဟာအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။