စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်က ထွက်လာတဲ့ ကြေးနီတင်ကားတန်း​ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၂ရက်နေ့က စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ခြေမြန်ဌာနချုပ်ကနေ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်း ထွက်လာတဲ့ ကြေးနီကား ၁၉စီး၊ သံပြားကာကား ၈စီးနဲ့ မိုးကာအုပ် ၆ဘီးကား ၃စီးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ဖို့ကြိုးစားခဲ့တာလို့ သိရပါတယ်။

မအူစစ်ကောင်စီဂိတ်အနီး ရောက်ရှိလာတဲ့ အထက်ပါ ကားတန်းတွေထဲက ၁၀စီးမြောက်ကားကို ပဒေသာပြောင်း ၅ပြောင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရင်း လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း  Brave Heart Army (BHA) က ပြောပါတယ်။

အဲ့ဒီနောက် သံပြားကာကား ၁စီးနဲ့ ကြေးနီတင်ကား ၂စီးလည်း နေရာတင် ထိုးရပ်သွားခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို နာရေးကား၊ အိမ်စီးကား၊ သံပြားကာကားတွေနဲ့ ရွှေတော်ဝင်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေထဲ စစ်ကောင်စီဘက်က အရာရှိ၁ယောက် ပါဝင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Heart Army (BHA) နဲ့အတူ Golden Target Force (GTF) ၊ Chindwin Fighter Group (CFG) တို့ ဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။


0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 
Read More

ရေစကြိုမှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်ကောင်စီအဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် ဗိုက်ပွင့် သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်အုပ်စုတွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ယောက် ဗိုက်ပွင့်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရ​ကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာနဲ့ ကလေးက ကျေးရွာတွေကို သုံးရက်တာအတွင်း ဗုံးအလုံးရေ ၂၀၀ ကျော်နဲ့ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်၊ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးအရေးယူပေးဖို့ နိုင်ငံတကာနဲ့ ကုလကို NUG ကတောင်းဆို

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ကလေးမြို့တွေက ကျေးရွာတွေမှာ သုံးရက်အတွင်း ဗုံးအလုံးရေ ၂၀၀ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး  အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရမှုကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃) ရဲ့ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)၊ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဌနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံတို့ကို တာဝန်ကနေ ထုတ်ပယ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အောင်ပြည့်စုံဖြိုးနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ရှိုင်းဝဏ္ဏအောင်တို့ကို ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တာဝန်ကနေ ထုတ်ပယ်အရေးယူလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၁၁ဦးကို မိုင်းကွင်းဖြတ်ခိုင်း၊ ၅ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရ၊ အရပ်သားအချို့ကိုလည်း ခေါင်းကို သေနတ်ဖြင့် တေ့ပစ် သတ်ခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၉ယောက်ကို ခေါင်းသေနတ်တေ့ပစ်သတ်တာနဲ့ အသေခံ မိုင်းနင်းခိုင်းတာတွေလုပ်ဆောင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။