စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၆ ရက်က ငွေတွင်းပျူစခန်းကနေ အရာတော်မြို့သို့ ရိက္ခာသယ်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီဝန်းကျင်ဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီးအများအပြား သေဆုံးကာ ငွေတွင်းပျူစခန်းအတွင်း ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ငွေတွင်းပျူစောထီးခေါင်း‌ဆောင်ကျော်ဆွေက အရာတော်မြို့သို့ ရိက္ခာထွက် သယ်နိုင်ရန် စစ်ကောင်စီအရာရှိတွေကို လက်နက်ကြီးပစ်ကူပေးဖို့ အကူအညီတောင်းခံထား ကြောင်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း၊ တိုက်နယ် (၉၊၁၀၊၁၁) နဲ့ နယ်ခံမဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – Ngwe Dwin Revolution Force

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေပြီး PDF ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးပြီး PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စဉ့်ကိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ရပ်ကျေးပလဖ ၂/၂၀၂၅ သင်တန်းဆင်းပွဲ ‌ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရပ်/ကျေး ပလဖ ၂/၂၀၂၅ သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၉ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

၁၀၂၇ ဒုတိယပိုင်းရဲ့ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပျော်ရွှင်ဖွယ်ပုံရိပ်များ (ရုပ်/သံ)

၁၀၂၇ ဒုတိယပိုင်းရဲ့ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြတဲ့ ဒေသခံပြည်သူတွေရဲ့ ‌‌ပျော်ရွှင်ဖွယ်ပုံရိပ်တွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးမြို့ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ပြိုကျခဲ့တဲ့ မြင်ကွင်း (ရုပ်/သံ)

မန္တလေးတိုင်း မန္တလေးမြို့ရှိ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရတယ်လို့ သိရပါတယ်။
Read More

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေမှု မှတ်တမ်း (ရုပ်/သံ)

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Inle People Defense Force-IPDF က ထုတ်ပြန်လိုက်ပါတယ်။