ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဇေယျဝတီမြို့ပေါ် ဂိတ်စခန်းတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကား၂စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ Phyu Township People’s Defense Organization – ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ရက်နေ့ ညပိုင်းက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဇေယျဝတီမြို့ဘူတာရုံနဲ့ မြို့အရှေ့ဘက် သကြားစက်မှာရှိတဲ့ စစ်​ကောင်စီကင်းပုန်းတွေကို ပကဖ တိုက်ခိုက်ရေးအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ စီးလာတဲ့ အိမ်စီးကား၂စီးကိုလည်း ဖြူးပကဖ က သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇေယျဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဆားဂွန်းဂိတ်အပေါ်ကို ဖြူးပကဖ ဒရုန်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုတွေထဲ စစ်ကောင်စီဘက်က ၄ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

အထက်ပါ ဇေယျဝတီမြို့ပေါ် ဘူတာရုံနဲ့ သကြားစက်ထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်သားသစ်စုဆောင်းတာအပြင် အရပ်သားတွေဆီက ငွေကြေးတောင်းခံတာတွေ မတရားလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့အကြမ်းဖက်လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ အိမ်စီးကားအသွင်ပြောင်း စစ်ကားတွေကိုလည်း ဇေယျဝတီ သကြားစက်ရုံမှူးနဲ့ ဒုစက်ရုံမှူး​တို့က ကူညီဆောင်ရွက်ပေးထားတာလို့လည်း ဖြူးပကဖက ထုန်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတွက် လုပ်စရာတွေ ကျန်သေးလို့ဆိုပြီး မင်းအောင်လှိုင် အရေးပေါ်ကာလ နောက်ထပ် ၆လ သက်တမ်းတိုး

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ဖို့ တစ်ရက်သာ လိုတော့တဲ့ အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို အရေးပေါ်ကာလ ၆လ သက်တမ်း ထပ်တိုးလိုက်တယ်လို့  သိရပါတယ်။
Read More

ညီနောင်မဟာမိတ် (၃)ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေ

ငလျင်ဒဏ်သင့် ပြည်သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ MBT အဖွဲ့ရဲ့စခန်းတွေဆီ စစ်​ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စု ပြန်လည်ထိုးစစ်ဆင်ခံရပြီး ၁၈ယောက်ခန့်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ အခြေချရာ တပ်စခန်းတွေဆီ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကို မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၇ရက်၊ ဒီနေ့မနက်အ​စောပိုင်းမှာ Myingyan Black Tiger ( MBT) အဖွဲ့ရဲ့စစ်ကြောင်း ၃ အခြေချရာ ခြေဆေးကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
Read More

လက်ပံတန်း ကျောက်တွင်းရွာလမ်းဆုံ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို၊ မြင်းချင်းပျူစောထီးရွာက စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေပြီး ၁၀ ယောက်ကျော် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။