ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ဖယ်ခုံမြို့နယ်အတွင်း တစ်နေရာကို ပစ်မှတ်ထားပြီး လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၉)နှစ်အရွယ် အရပ်သားပြည်သူ အမျိုးသားတစ်ယောက် ထိခိုက်သေဆုံးခဲ့ပြီး လူနေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ တစ်လတာအတွင်းမှာတင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၉၃ ယောက်ထက်မနည်း သေဆုံးပြီး ကလေးငယ် ၁၃၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

ဖြူးက ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ဦး သေဆုံးကာ ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ကြေညာကာ ဖမ်းမိနိုင်ရေး ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြည်သူတွေ စစ်ကောင်စီလို့ ခေါ်ကြတဲ့ အကြမ်းဖက်စစ်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ကျောက်စစ်ပုံ အမြောက်တပ်သို့ ပြန်လာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခံရပြီး အများအပြား ထိခို က်သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ရွာကနေ ‌ကျောက်စစ်ပုံ အမြောက်တပ်ဆီ ပြန်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။