တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန် တက်ရောက်ပြီး ” ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းသည် မိမိတို့ တအာင်းပြည်ကို ကာကွယ်သွားကြရန်၊ ရဲဘော်များသည် လူကြီးများ၏ အလုပ်တာဝန်ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်ရမည်ဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးသည့် ပညာကို မမေ့ကြရန်၊ အမိန့်နာခံတတ်ရန်နှင့်ရန်သူကို အမြဲတစေ သတိထားရှိရန်လိုအပ်ကြောင်း” ဆိုပြီး အမှာစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

TNLA ရဲ့ အပတ်စဥ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲကို အမှတ်စဥ် (က) နဲ့ (ခ)ခွဲကာ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းကာလအတွင်း တိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေဖို့ အဓိကသင်ကြားပေးခဲ့ကာ သင်တန်းကာလ (၃) လကျော် ကြာမြင့်ခဲ့ပြီး အမျိုးသား (၆၅၇) ယောက်နဲ့ အမျိုးသမီး (၁၆၅) ယောက် စုစုပေါင်း (၈၂၂) ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်သင်ကြားပြီးမြောက်သွားတဲ့ သင် တန်းသားသင်တန်းသူတွေအနေနဲ့ TNLA အုပ်ချုပ်ထားတဲ့ မြို့ နယ်တွေရှိ ပြည်သူလူထုကို ကာကွယ်ပေးဖို့ တစ်ဦးချင်းရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်တားဟိုပလန်က ပြောကြားခဲ့ပါတယ်။

TNLA ရဲ့ စစ်ရေးသင်တန်းအတွင်း သေနတ်ပစ်ထူးချွန်ဆု၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်ဆုနဲ့ အထူးတိုက်ခိုက်ရေး ထူးချွန်ဆုရရှိသည့်သူတွေကိုလည်း ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းဆင်းခဲ့သူတွေအနေနဲ့ TNLA ထိန်းချုပ်ရာ မြို့နယ်အသီးသီးမှာ တာဝန်ထမ်းဆောင်သွားရမယ်လို့ ဆိုပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို ဗိုလ်ချုပ် တားဟိုပလန်၊ ဗိုလ်မှူးချုပ် တားနောရိူန်း၊ ဒုဗိုလ်မှူးကြီး တားအတီ၊ ဗိုလ်မှူး ယာထွေး၊ ဗိုလ်မှူး တားအခယ်နဲ့ သင်တန်းသူသင်တန်းသားတွေအပြင် ရပ်မိရပ်ဖတွေပါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG လက်အောက်ကို ဝင်ရောက်မယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မဟူရာရွှေဘိုသားတော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

၇ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု ဥက္ကံကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဇီးတောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်ပြည်သူ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။
Read More

တောင်တွင်းကြီးတွင် စစ်တပ်သတင်းပေး လုပ်ဆောင်မှု၊ ပြည်သူကို အနိုင်ကျင့်မှုဖြင့် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အပေါင်းအပါများကို ပစ်ခတ်ရှင်းလင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်တွေ သတိပေးနေတဲ့ကြားက ပြည်သူတွေကို ခြိမ်းခြောက် အနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အပေါင်းအပါတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။