မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၀၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၇၂) ယောက် ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

အဆိုပါ သေဆုံးသူတွေထဲက စစ်ကိုင်းတိုင်းမှာ (၁၀၂) ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး သေဆုံးသူအားလုံးထဲက (၂၄၂) ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် ညပိုင်းက စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ယောက် ဗုံးစထိမှန်ကာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇွန်လ ၁၁ ရက် မနေ့ကအထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၇၉၄) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုတ်ပြင်းမြို့နယ်မှာ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါ ၅ ဦး သေဆုံးဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေထိခိုက်မှုတွေရှိနိုင်ကြောင်း Freedom Revolution Force ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ဆီဆိုင်နှင့် မောက်မယ်မှာ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ဟု PNLA ပြော

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်မှာ အပစ်ရပ်ကာလအဖြစ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာပေါင်းအနီး တိုက်ပွဲပြင်းထန်မှုကြောင့် ရာနှင့်ချီသည့် သစ်ထုတ်လုပ်ရေး ဆင်များကို ပြောင်းရွှေ့

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အနီးအထိ တိုက်ပွဲတွေ ပြင်းထန်နေလို့ သစ်ထုတ်လုပ်ရေးလုပ်ငန်းက ရာနဲ့ချီတဲ့ ဆင်တွေကို ဝန်ထမ်းတွေနဲ့အတူ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။