ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မြန်မာ−ထိုင်းနယ်စပ် စည်းမျဉ်းအနီးရှိ ​စစ်ကောင်စီတပ်ရဲ့ ဥကရစ်ထစခန်းကို အခုချိန်မှာ ဒုတိယအကြိမ် အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက ပထမအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သေးတာဖြစ်ပါတယ်။

ဥကရစ်ထစခန်း ထိုးစစ်ဆင်တိုက်ခိုက်မှုမှာတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပထမအကြိမ် ထိုးစစ်ဆင်ချိန်က ကာကင်းအချို့ သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူတွေ၊ မြေပြင်စစ်ကူတွေနဲ့ အသည်းအသန် ခုခံခဲ့တာကြောင့် အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီက အဆိုပါတိုက်ပွဲကို ရည်ရွယ်က “သက်ရှိစည်းရိုး” ဆိုတဲ့ နာမည်နဲ့ပါ ဝါဒဖြန့်ဇာတ်ကားရိုက်ခဲ့ပါသေးတယ်။

KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာ−ထိုင်းနယ်စပ်အနီး ဥကရစ်ထတပ်စခန်းတစ်လျှောက် ဘလယ်ဒို ၊ ကနဲလေး ၊ ရွှေအေးမြိုင် (ဝါးမီထ) ၊ ဘုရင့်နောင်၊ မော်ခီး ၊ ​သေ့ဘောဘိုးတပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ စကစဝါဒဖြန့် မြဝတီ)
0 Shares:
You May Also Like
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပဲခူးမြို့နယ်တွင်းက စစ်ကောင်စီတပ် ကာကင်းစခန်းကို တိုက်ခိုက်ဖျက်ဆီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် ၂နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၄ ဦး သေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်း နဲ့ ဂတ်(စ်)ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်လိုင်းစခန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။