ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၁၀)ရက် မနေ့က ညနေပိုင်းမှာ လုံဝယ်ကျေးရွာအတွင်း စစ်ကောင်စီ လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၅၂)နှစ်အရွယ် အမျိုးသား ၁ ယောက် ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားကို တအာင်းတပ်မတော် TNLA က ဆေးကုသဖို့ ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီနောက် လုံစံကျေးရွာအတွင်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၄)ရက်နေ့ကလည်း နောင်ချိုမြို့၊ စျေးရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂)လုံးနဲ့ ကမ္ဘောဇကျောင်းတိုက် ဘုန်းကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးနဲ့ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်းနဲ့ လုံခြုံရေးစစ်သားတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်တွေမှာ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ယာဥ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတရား စုဆောင်းခြင်းခံထားရသူအများစုပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင်ဖွင့်လှစ်

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း ပြည်သူ ၁၅၀ နီးပါး သေဆုံးဟု AAPP ထုတ်ပြန်

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း အရပ်သား ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

သာမညမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ RPG နဲ့ အနီးကပ်ထုခံရ

ကရင်ပြည်နယ်၊ သာမညဒေသမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ဟိုက်ဂျက်ကား RPG နဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ဖာပွန် – ဘီးလင်း လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါ (၁၆) ယောက် လက်နက်ချ အလင်းဝင်

ကရင်ပြည်နယ်၊ ဖာပွန် - ဘီးလင်း ကားလမ်းမအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါအဝင် တပ်ဖွဲ့ဝင် (၁၆) ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနဲ့ ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။