ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့က ခရီးသွားတဲ့အချိန်မှာ ကျိုးကျသွားတာပါ။ စိမ့်ရေကလည်းရှိ၊ မိုးကလည်းရွာထားပြီး တံတားက လုံးဝကျိုးကျပျက်စီးသွားတာပါ။ အခက်အခဲတော့ဖြစ်ကြရတာပေါ့။ ကားတွေလည်းပိတ်မိနေကြတယ်” လို့ ခရီးသည် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“လတ်တလောတော့ လမ်းလွှဲကို ခရီးသွားတွေ ဝိုင်းဝန်းလုပ်ဆောင်နေကြတယ်။ ကားတွေကတော့ရောက်တဲ့နေရာကနေ ပြန်လှည့်ကြရတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
လက်ရှိကျိုးကျသွားတဲ့ မယ်စဲ့တံတားဟာ ကရင်ပြည်နယ်ဘက်ကနေ ကရင်နီဒေသကို အဓိက သွားလာရ လွယ်ကူစေတဲ့လမ်းဖြစ်တယ်လို့လည်း ခရီးသွားလာသူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – မယ်စဲ့တံတား ရေစီးကြောင့် ကျိုးကျပျက်စီးနေပုံ
0 Shares:
You May Also Like
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်(၁)ဦးအတွက် ဂုဏ်ပြုအခမ်းအနား ပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းက ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ဂုဏ်ပြုပွဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသည့် လောင်းကစားနှင့် မူးယစ်ဆေးကိစ္စများကို စောင့်ကြည့်ထိန်းကျောင်းရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကို စောင့်ကြည့်ထိန်းကျောင်းသွားဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားလိုက်ပါတယ်။
Read More

ကန်ချနပူရီနယ်စပ်တွင် မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆိုင်ယော့က စွန့်ပစ်ဓာတ်ဆီဆိုင်ဟောင်းတခုမှာ ရပ်ထားတဲ့ ပစ်ကပ်ကားပေါ်မှာ မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ယောက်ကို နိုဝင်ဘာလ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ 
Read More

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ စစ်ကောင်စီတပ်စခန်း ၁၁ ခု သိမ်းပိုက်နိုင်ခဲ့

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မောထစခန်း၊ ပဲဒတ်စခန်းနဲ့ သိန္တောရွာစခန်းတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။