ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၀ရက် မနေ့က မနက်အစောပိုင်းမှာ Falcons Guerrilla Force နဲ့  KNLA တပ်ရင်း (၈) တပ်ဖွဲ့ဝင်တွေက ရွာကြီးအင်းရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်ထိခိုက်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

မိနစ်၂၀ နီးပါး ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီးကျန်တဲ့စစ်သားတွေလည်း ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

“အဲ့ဂိတ်က ကျောက်ကြီး-ပဲနွယ်ကုန်းလမ်းမကြီးနဲ့နီးတယ်ဗျ။ ခန့်မှန်းခြေအင်အား ၂၀ လောက်ရှိပါတယ်။ အများပြည်သူတွေရဲ့ အိမ်တွေထဲ ဝင်နေကြတာပေါ့။ တိုက်ပွဲမှာ သေတဲ့ကောင်သေနဲ့ တချို့ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ရွာကြီးအင်းရွာထဲဘက်ကို ထွက်ပြေးသွားကြပါတယ်။ အဲ့နောက်မှာတော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ပါတော့တယ်။” လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအပြီး ဝင်ရောက်ရှင်းလင်းချိန်မှာ စစ်သားအလောင်း ၃လောင်း၊ MA 1 သေနတ်၁လက်နဲ့ ခဲယမ်းတွေအပြင် စစ်သုံးဆောင်ပစ္စည်းတွေကိုတော်လှန်ရေးတပ်တွေ သိမ်ဆည်းရရှိခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ
စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေ

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးအာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မဲခေါင်မြစ်အနီး မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA) ၏ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မဲခေါင်မြစ်အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ မိုင်းလားတပ် NDAA ရဲ့ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေကတဆင့် မှတ်တမ်းရယူထားနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုမှာ YPDF ပူးပေါင်းဆောင်ရွက်မည်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ye People Defense Force - YPDF) နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ဟာ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဂန့်ဂေါတွင် ရွာ ၅ ရွာမှ အရပ်သားများကို မြို့ဝင်ထွက်သွားလာခွင့် စစ်ကောင်စီ တားမြစ်ပိတ်ပင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ မိတ်ဖက် ရုရှားက လျှပ်စစ်အပါအဝင် စီးပွါးရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု ဆို

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့တွေ့ဆုံစဉ်မှာ ရုရှားက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ကျန်းမာရေးဌာနနဲ့ နိုင်ငံရေးဌာနက အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်းရှိ ဒေသတစ်ခုမှာ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်တွေကို အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။