ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း ရွာစဉ်လှည့်မီးရှို့နေတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၁ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၃ ရက်က ပေါက်ခေါင်းမြို့နယ်အပိုင် သိုက်ချောင်းရွာ၊ ကွမ်းအုံစုရွာ၊ အိုင်စောက်ရွာ၊ မြေနီကုန်း၊ သဖန်းကိုင်းရွာ၊ ဒလမဲရွာ၊ မရိုးကျွန်းရွာ၊ ပြန်ချီတက်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ‌ပေါင်းတည်မြို့နယ် ညောင်နီပင်အုပ်စု ညောင်နီပင်ရွာနဲ့ မအူကွင်းရွာအကြား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ယောက်သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ MA1 ၂ လက်၊ MA3 ၆ လက်၊ လက်ပစ်ဗုံး ၂ လုံး၊MA1 ကျည်ဘောက် ၃ ခု၊ MA3 ကျည်ဘောက် ၅ ခု၊ G3 ကျည်ဘောက် ၁ ခု၊ 5.56 ကျည် ၅၆ တောင့်၊7.62 ကျည် ၁၆ တောင့်၊ icon ၁ လုံး၊ WY စိတ်ကြွဆေး ၁၅၀ ပြားနဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂  စစ်ဆင်ရေးနယ်မြေ ဗျူဟာ ၂၁ လက် အောက်ခံ ၃၆၀၁ တပ်ရင်း၊ ၃၆၀၂တပ်ရင်း တပ်ရင်းရုံး၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ ၊ ပြည်ခရိုင်(ပကဖ)၊ရွှေတောင် (ပကဖ)၊ ပေါက်ခေါင်း (ပကဖ)နဲ့ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့၊ တပ်ခွဲ ၆ ဧရာညီနောင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး PDF ရဲဘော် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Paungde People Defense Force PPDF Battalion-3601

0 Shares:
You May Also Like
Read More

ဂမုန်းရေလှောင်တမံ အနီး တိုက်ပွဲက သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၁၂လောင်းကို လာရောက်ယူဆောင်ခြင်းမရှိ (ရုပ်/သံ)

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် ကသာခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ ကသာခရိုင်အမှတ် ၂ တပ်ရင်းရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကော်မရှင်တပ်အား ချေမှုန်းပြီး ပြန်လာသည့် တော်လှန်ရေးရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကော်မရှင်တပ်ကို ချေမှုန်းပြီး ပြန်လာတဲ့ တိမ်ပျံပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေရဲ့ အိမ်ပြန်ခရီးဟာ အန္တရာယ်များလှပါတယ်။ 
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို ရိုးမခေါ်သံ ၂ က ထုတ်ပြန်ပြသထားပါတယ်။