ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာရှိ စက်ယန္တရားတွေကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖားကန့်မှော်စီစာရှိ ဦးဇော်နိုင်ဌေးဆိုသူရဲ့ စက်ယန္တရားတွေကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ ရက် ညနေပိုင်းက မီးရှို့ဖျက်ဆီးခဲ့ရာ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ဒေသခံတွေ မီးငြှိမ်းသတ်နေတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်ပျံနှံ့လာပါတယ်။

Video – Padang Shingni

0 Shares:
You May Also Like
Read More

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကုန်းနှင့် ဂိတ်စခန်းကို စီးနင်းသိမ်းပိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းနဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို 1008 - SSRY Eagle Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

Hercules 3 နဲ့ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန်

''Cobra Federal Wings တွေရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုတွေကို FW ရဲ့ နောက်ဆုံးပေါ် Hercules 3 နဲ့ပေါင်းစပ်လိုက်တဲ့အခါ စကစစခန်းကုန်းတွေရဲ့ အိမ်မက်ဆိုးတွေ ပိုမိုကြီးထွားလာပါတယ်''လို့ Federal Wings က ဆိုပါတယ်။
Read More

ဒီပဲယင်းမြို့မှာ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီစခန်း ၂ ခုကို ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကုန်းသာဦးနဲ့ အထကကျောင်းကို မတ်လ ၂၈ ရက်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) ထံက သိရပါတယ်။
Read More

ကမ္မမြို့ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် အကြမ်းဖက်စစ်သားများကို ဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ဖလမ်းမြို့ မြင်ကွင်း (ရုပ်/သံ)

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် ရဲဘော် PK (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် PK ရဲ့ နာရေးစျာပနကို ပြုလုပ်ခဲ့တယ်လို့ တောင်ငူခရိုင် အမှတ် ၃ တပ်ရင်း P2-3503 က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။