ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် Suu 80 Birthday Campaign မှာ  အားလုံးရဲ့ ပါဝင်မှုနဲ့ မွေးနေ့ဆုတောင်းရုပ်သံ ရှစ်သောင်းပြည့်အောင် စုပေးကြဖို့ ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

“မေမေဟာ သူ့ရဲ့ တစ်ဘဝလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများအတွက် နှစ်မြှုပ်ခဲ့ပြီး ဘဝရဲ့ လေးပုံတစ်ပုံကိုလည်း ထောင်ထဲ ဒါမှမဟုတ် အိမ်အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်၊ ဒီလို ဖြတ်သန်းခဲ့ရတာဟာ မြန်မာပြည်နဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ ကရုဏာတရားနဲ့ ငြိမ်းချမ်းစွာနဲ့ နေနိုင်မယ့် ဒီမိုကရေစီဆန်ပြီး လွတ်လပ်တဲ့ မြန်မာပြည်အတွက်ဆိုတဲ့ တစ်ခုတည်းသော ရည်မှန်းချက်အတွက်ပဲ ဖြစ်ပါတယ်။ကျနော့်အနေနဲ့ မေမေ့အတွက် မွေးနေ့ဆုတောင်းလေး တစ်ခုစီလောက် တင်ပေးဖို့ တောင်းဆိုပါတယ်။ အကုန်လုံးရဲ့ ပါဝင်မှုနဲ့ ကျနော်တို့ မွေးနေ့ဆုတောင်း ရှစ်သောင်းပြည့်အောင် စုနိုင်မှာပါ”

Video – Kim Aris – Htein Lin

0 Shares:
You May Also Like
Read More

ရန်ကုန် ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည် ဘော်လခဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Bawlakhe PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

သီပေါမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ၊ အမျိုးသား ၁ ယောက် ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ် သီပေါမြို့ရှိ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် ကျောင်းသားတပ်မတော် ရဲဘော်များ

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ABSDF Column - 2 က နိုဝင်ဘာ ၁၂ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း မိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဖောက်ခွဲတိုက်ခိုက်မှု ၄ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်အကြမ်းဖက်စစ်တပ်ဂိတ်ကနေ ရေပိုးစားဘက် အင်အား ၃၀ ခန့်နဲ့ လမ်းပိုင်းမိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။