အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ယောက်ကို ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ၃ယောက်ဟာ ဇွန်လ ၄ရက်နေ့က စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကနေ ရှေ့တန်းကာကင်း တာဝန်ထမ်းဆောင်နေချိန် ထွက်ပြေးလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ယောက်ကို MA အမျိုးအစား လက်နက်ငယ် ၃လက်၊ ခဲယမ်းတချို့နဲ့အတူ CDF-Asho က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းက စစ်ကောင်စီတပ်သားတွေအနေနဲ့ စစ်အုပ်စုကို စွန့်ခွာကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်အလင်းဝင် ပူးပေါင်းကြဖို့လည်း CDF-Asho က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေး ၂ ဦးအပါ ပြည်သူ ၇ ဦး သေဆုံး

ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

မြို့နယ်ပေါင်း ၁၉၀ တွင် အင်အား ၅၀၀၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၁၉၀ မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ပေးနေကြောင်း NUG က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရပြီးနောက်ပိုင်း ရန်ကုန်တွင် ဘတ္ထရီစက်ဘီးနှင့် Ebike စီးနင်းသူများ ဖမ်းဆီးငွေညှစ်ခံနေရ

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဘတ္ထရီစက်ဘီးနဲ့ လျှပ်စစ်ဆိုင်ကယ် (Ebike) စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်လာကြောင်း မြို့တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က မနေ့က တစ်ရက်အတွင်း လေကြောင်းဖြင့် ဗုံး (၁၃၀)လုံး၊ ဒရုန်းဖြင့် ဗုံး (၆၀) လုံးနှင့် လက်နက်ကြီး (၅၃) လုံး ပစ်ကူတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတို့မှာ တိုက်ပွဲဖြစ်နေချိန် ဇွန်လ (၂၄) ရက် မနေ့က တစ်ရက်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးအလုံး (၁၃၀)၊ ဒရုန်းနဲ့ ဗုံးအလုံး (၆၀)၊ လက်နက်ကြီး (၅၃) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်တပ်စွဲခဲ့တဲ့ သိန္ဓောစခန်းမှ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်က စစ်ဒေသအသီးသီးတွင် ၆၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

(၆၃) နှစ်‌မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင်လ (၇)ရက် မနေ့က ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဌာနချုပ်နယ်မြေနဲ့ စစ်ဒေသအသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။