အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကို ဒီနေ့က စပြီး တာဝန်မှ အနားယူခွင့်ပြုလိုက်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဦးကျော်ဇော်အနေနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အဖြစ်ကနေ အနားယူလိုက်ပေမယ့် နိုင်ငံတော် သမ္မတရုံးရဲ့ ဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတာဝန်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဦးကျော်ဇော်ကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “လွန်ခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယုံကြည်စွာ အပ်နှင်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အစိုးရအဖွဲဝင်များနဲ့ သမ္မတရုံးအတွင်းဝန်တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ရင်းနဲ့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အတွက် အလွန်တရာမှ ဂုဏ်ယူဝမ်းမြောက်ရတယ်” လို့ အသိပေး ပြောကြားထားပါတယ်။ 

ဦးကျော်ဇောအနေနဲ့ ဆက်ပြီး တာဝန်ယူလုပ်ဆောင်သွားမယ့် အခန်းကဏ္ဍအသစ်မှာ နိုင်ငံတော်ယာယီသမ္မတရဲ့ မျှော်မှန်း ဆောင်ရွက်ချက်တွေကို မြှင့်တင်ပေးကာ သမ္မတရုံးရဲ့ အဓိကအဖွဲဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်စက်မှု (၂) နားရှိ တောတိုက်တွေထဲကနေ ခိုးယူဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) နားက တောတိုက်တွေထဲကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အညာမြေပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူတွင် အရပ်သားများထံမှ ဖိနှိပ်ငွေညှစ်သည့် ကျောင်းကုန်းကြီးရွာအုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်သုံးဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အရပ်သားတွေကို ဖိနှိပ်ငွေညှစ်နေတဲ့ ကျောင်းကုန်းကြီးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သုံးယောက်သေဆုံးသွားတယ်လို့ ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဇန်နဝါရီလ ၃ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ အဲ့ဒီကျောင်းကုန်းကြီးရွာ အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက် တပည့်တွေ ရှိနေတဲ့ ကျေးရွာဘုန်းကြီးကျောင်းဝန်းထဲကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Read More

လားရှိူးတွင် နေရပ်မပြန်နိုင်သေးသည့် ကျောက်မဲစစ်ဘေးရှောင်နှင့် နမ္မတူစစ်ဘေးရှောင်တို့ စုစုပေါင်း (၃၀၀၀) ဝန်းကျင်ထိ ရှိလာဟု SSPP ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့အတွင်း နေရပ်ကို မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်မှ စစ်ဘေးရှောင် စုစုပေါင်း (၃၀၀၀) ဝန်းကျင်အထိ ရှိလာတယ်လို့ Shan State Progress Party / Shan State Army (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူ ၆ ဦး သေဆုံး…

စစ်ကိုင်းမြို့နယ်ကို ဗဟိုုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသူ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြုထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေစကြိုမှာ အကြမ်းဖက်စစ်တပ်က သက်ကြီးပိုင်းနှင့် ကလေးငယ်များကို လူသားဒိုင်းသဖွယ် အသုံးပြုရင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။