ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Chinland Information Centre က စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
အထူးသဖြင့် အချက် ၅ချက်ကို ဘုံသဘောတူညီချက်တစ်ရပ်အဖြစ် ချင်းညီနောင်၊ ICNCC အစုအဖွဲ့နဲ့ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ CNF အစုအဖွဲ့တို့ နားလည်သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ချင်းအင်အားစုတွေရဲ့ တွေ့ဆုံမှုမှာ ချင်းလူမျိုးစုတွေအကြား လက်နက်ကိုင်ဖြေရှင်းရေးထက် ဘုံရန်သူ စစ်ကောင်စီကို တိုက်ခိုက်ဖို့လည်း ညှိုနှိုင်းမှုတချို့ ရရှိခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲအတွင်း ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုတွေဟာ ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတူညီတဲ့ သေအတူရှင်မကွဲနေထိုင်လာခဲ့ကြတဲ့ ညီရင်းအစ်ကိုတွေဖြစ်ကြကြောင်း လက်ခံကြပြီး၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်တဲ့အချိန်မှာ ညီအစ်ကိုအချင်းချင်းကြား သဘောထားကွဲလွဲမှုတွေ ဖြစ်တဲ့အပေါ် စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်မှာ အခုလို ထပ်မဖြစ်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်တွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း CNF ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းညီနောင်တပ်ပေါင်းစုတွေအကြား မကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုအခါမှာတော့ ချင်းတော်လှန်ရေးအင်အားစုတွေအကြား နားလည်မှုရရှိခဲ့ပြီဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ တနင်္သာရီတိုင်း PDF တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေး၊ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ရာ PDF တွေနား ကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိ

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နဲ့ ရေးဖြူမြို့နယ်အကြား ရေပုံးရွာထိပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေးခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း  ၃ ကြိမ် စစ်တပ်လေကြောင်းတိုက်ခိုက်၊ တနင်္သာရီမြို့နယ်မှာ ၂ လနီးပါး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၇ ဦးထက်မနည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။