ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင် ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့နယ်  ထွေအုပ်ရုံးမှာ စုရပ်လုပ်ပြီး မနေ့က ဇွန်လ ၉ ရက် ညနေပိုင်းမှာ ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက် ကျည်စုလမ်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ချီတက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ည ၁၀ နာရီဝန်းကျင်အချိန်မှာ မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်း သရက်ကိုင်းကြိုးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်တွေက မြို့ရဲ့အရှေ့တောင်ဘက် ကျည်စုကျေးရွာကနေလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ 

“အခုလက်ရှိကတော့ ကြို့ပင်ကောက်နဲ့ အုတ်ဖိုနဲ့ကနေ စစ်ကြောင်း ညှပ်ပြီးတော့ ထိုးလာတယ်။ ပြီးတော့ ကြို့ပင်ကောက်မြို့ဝင် မြို့ထွက်နားမှာ သဲကုန်းဆိုတဲ့ စစ်ဆေးရေးဂိတ်ရှိတယ်။ အဲ့မှာ သူတို့တွေ ကားတွေရပ်ထားပြီး  ဖောကားက ၃စီး၊ ဆိုင်ကယ်တွေလည်းပါတယ်ပေါ့နော် အဲ့မှာ စုနေတာ။ စစ်ကြောင်းကတော့ အကုန်မတက်လာသေးဘူး၊ ဒါပေမယ့် စထိုးလာနေပြီ။ လောလောဆယ်က လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီး နယ်မြေရှင်းနေတာ ပြီးတော့မှ စစ်ကြောင်းတက်မယ့် ပုံစံပေါ့နော်” လို့  ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတပ်ခွဲမှူး ရဲဘော်ကိုမိုးသီးက မောင်းကို ပြောပါတယ်။ 

လက်ရှိမှာတာ့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ စစ်ကြောင်းအန္တရာယ်ကြောင့် ကြို့ပင်ကောက်မြို့နယ်က သရက်တိုက်ရွာ၊ ဒေါင်ကြီးရွာ၊ ကွင်ကြယ်ရွာတို့က ဒေသခံ ၁၀၀ ကျော် စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပြီးနောက် လက်နက် အကြွင်းအကျန်ကို တွေ့ရစဉ် (ဓာတ်ပုံ Hero ပြောက်ကျားတပ်ဖွဲ့)

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သတိပြု

ဂန့်ဂေါ - ကလေး လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အထူးသတိရှိဖို့ ဂန့်ဂေါမြို့နယ် ပကဖ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

NUG အပေါ် ဝေဖန်မှုများအား အလုပ်နှင့်သက်သေပြကာ ချေပနိုင်စွမ်းရှိရမည်ဟု အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက  ပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှ သင်တန်းသားအသစ်များ လက်ခံခေါ်ယူနေ

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနဲ့ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုပြီး ယုံကြည်ချက်ခိုင်မာတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ တပ်သားသစ်အဖြစ် ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းတွင် စစ်ကော်မရှင်ကို ငွေပေးပြီး လောင်းကစားဝိုင်းလုပ်နေသည့် ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း…

" ရာအိမ်မှူးစလုပ်တာက စကစလက်အောက်ကျမှပါ၊ သူ့ကြောင့် ဖမ်းဆီးခံရတာမျိုးထက် ပေါ်တာအဆွဲခံရတာမျိုးတွေတော့ ရှိပါတယ်၊ သူလက်ထောက်ချတာပေါ့ ၊ စစ်တပ်ကို ငွေပေးပြီး လောင်းကစားဝိုင်း အဓိက ကြက်ဝိုင်း အမြဲလုပ်လေ့ရှိပါတယ်၊ နောက်ပြီး စစ်မှုထမ်းကြေးကောက်တာ၊ စကစတွေကင်းပတ်ရင် အတူလိုက်ပါတာတွေရှိပါတယ်" လို့ BRA တပ်ခွဲမှူး ရဲဘော်လကျ်ာက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ကော်သူးလေခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နှစ်ဝက်စာ စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေဟု ဆို

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။